Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုထောင် အာဏာပိုင် နိုင်ကျဉ်းတွေကို ရိုက်နှက်ပြီး ဓားနဲ့ထိုး

အမျိုးသားအဆောင် အခန်း (၁) ထဲက ၅၀၅ နဲ့အမှုရင်ဆိုင်နေရသူတွေကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ထောင်ပိုင်က ဓားနဲ့ထိုးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောင်တွင်း အခြေအနေကို စုံစမ်းသိရသလောက်ပြောပြပါတယ်။

အိုးဘိုထောင်
အိုးဘိုထောင်

မန္တလေး အိုးဘိုထောင်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင် အချို့ရိုက်နှက်ကာ ဓားနဲ့ထိုးတာရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်သားအမှု တွေလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကနေတဆင့်သိရပါတယ်။

ဇွန်လ ၅ ရက်က အိုးဘိုထောင်ထဲမှာ ထောင်ဝန်ထမ်း တွေနဲ့ အကျဉ်းသား အချို့ အချင်းများခဲ့ကြပြီး ထောင်ဝန်ထမ်းတွေ စတင်ရိုက်နှက်ထိုးကြိတ်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

အမျိုးသားအဆောင် အခန်း (၁) ထဲက ၅၀၅ နဲ့အမှုရင်ဆိုင်နေရသူတွေကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ထောင်ပိုင်က ဓားနဲ့ထိုးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောင်တွင်း အခြေအနေကို စုံစမ်းသိရသလောက်ပြောပြပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်ကျဉ်းတွေထဲက ၂ ဦးဟာ စိုးရိမ်ရပြီး ၁ ဦးဟာ ဓားနဲ့ထိုးတာခံလိုက်ရတယ်လို့ ပြည်ကြီးတံခွန် သပိတ်အင်အားစု(မန္တလေး)ကလည်းသတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁၂ ဦးခန့်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားလိုက်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

ဆိုင်းမင်း/People’s Spring ပုသိမ်ထောင်မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ထပ်တိုးထောင်ဒဏ်တွေ ချလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံသိရပါတယ်။ ထပ်တိုးထောင်ဒဏ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လနဲ့ လက်ရှိစက်တင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးက ချခဲ့တာလို့ အဲဒီကွန်ရက်ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးထဲက...

သတင်း

တိုက်ပိတ်ခံရသူ ၈ ဦးထဲမှာ ၃ ဦးဟာ အင်းစိန်ထောင် စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံရပြီး ထောင်ပြောင်းလာသူတွေဖြစ်ပါတယ်။