Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက် CDF တပ်စခန်း၌ နေရာဝင်ယူထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ် တိုက်ခိုက်

ယနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

(CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF)
(CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF)

ပိတ်မိစစ်ကောင်စီတပ်ကို စစ်ကူပေးမည့် မြို့ပေါ်ရှိ စစ်ကြောင်းအား ပြောက်ကျားစစ်ဆင်နွှဲ

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ၏ တပ်ရင်း(၂) Vakok ကို ယမန်နေ့က သိမ်းပိုက်နေရာယူထားသည့် စစ်ကောင်စီတပ်ကို ယနေ့ မနက်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ကန်ပက်လက် CDFက အသိပေးသည်။

ဇွန်လ ၁၁ရက် နံနက် ၇နာရီခန့်တွင် ကန်ပက်လက် CDF တပ်စခန်းနေရာကို နေရာယူထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ချဉ်းကပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး စခန်းအပြင် ထွက်လာ၍ ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ စခန်းအပြင်မထွက်လာတော့ဘဲ ကတုတ်ကျင်းများ တွင် သာ ပုန်းအောင်းနေရာ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအသုံးပြုပြီး ဗုံးသီးများပစ်ချ တိုက်ခိုက်ခြင်း၊ လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ကာ စစ်ကောင်စီတပ်များကို ပိတ်ဆို့နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

တစ်ဖက်တွင်လည်း ကန်ပက်လက် CDFသည် ကန်ပက်လက် မြို့ပေါ်၌ မြို့တွင်း ပြောက်ကျားစစ် ဆင်နွှဲခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကန်ပက်လက် CDF တပ်စခန်းနေရာ၌ ပိတ်မိနေသည့် စစ်ကောင်စီတပ်များကို စစ်ကူပေးရန် အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာရာ အဆိုပါ စစ်ကြောင်းကို နေ့လည်ပိုင်းမှစ၍ သုံးကြိမ် တိုင်တိုင် ပြောက်ကျားနည်းဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရသည့် စစ်ကူစစ်ကြောင်းသည် စစ်ကူမသွားတော့ဘဲ မြို့တွင်းသို့ ပြန်ဝင်သွားကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ယနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

ကန်ပက်လက် CDF ပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် ဇွန်လ ၉ရက်မှစ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။