Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးထဲက ရွာတစ်ရွာကိုလက်နက်ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေးရ

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်ခရိုင်) တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု လိန်ပင်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဒီကနေ့မနက် ၉ နာရီ ၁၀ မိနစ်အချိန်ကစပြီး လက်နက်ကြီး ၁၂၀ မမ ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျောက်ကြီးထဲက ရွာတစ်ရွာကိုလက်နဲ့ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေး
ကျောက်ကြီးထဲက ရွာတစ်ရွာကိုလက်နဲ့ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေး

ကေအဲန်ယူထိန်းချုပ်နယ်မြေ လယ်ဒို(ကျောက်ကြီး)မြို့နယ် လိန်ပင်ကျေးရွာထဲကို မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်ခရိုင်) တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု လိန်ပင်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဒီကနေ့မနက် ၉ နာရီ ၁၀ မိနစ်အချိန်ကစပြီး လက်နက်ကြီး ၁၂၀ မမ ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အင်းပရိကျေးရွာကနေ အခြေစိုက်ကာ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ လိန်ပင်ဝဲကျေးရွာထဲကို လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့တာဖြစ်ပြီး ပစ်ချတဲ့အလုံးရေ အရေအတွက်အတိအကျမသိရှိရပေမယ့် ဒီလိုပစ်ခတ်မှုကြောင့် အိမ်ခြေ(၂၅၀)လုံး လူဦးရေ(၁၁၈၄)ဦးရှိတဲ့ လိန်ပင်ကျေးရွာက ပြည်သူလူထုတွေ နေရပ်စွန့်ခွာပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကျောက်ကြီးထဲက ရွာတစ်ရွာကိုလက်နဲ့ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေး
ကျောက်ကြီးထဲက ရွာတစ်ရွာကိုလက်နဲ့ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေး

တဖက်မှာလည်း စစ်ကောင်စီတပ်က ပိန်းဇလုပ်မြို့ကနေ အလယ်ကျွန်းကျေးရွာဘက်ကို တပ်အင်အားတိုးချဲ့လာသလို မုန်းဘက်ကနေ ကျောက်ကြီးမြို့ကို တပ်အင်အားဖြည့်တင်းဖို့အတွက် စစ်ကား ၇ စီး ဝင်ရောက်လာခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကား ၇ စီးမှာ တချို့ကားတွေဟာ အလုံပိတ်ထားပြီး တချို့ကားတွေမှာတော့ လူအင်အားအပြည့်ပါရှိတယ်လို့လည်း ကေအဲန်ယူက ဆိုထားပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က ဆိပ်ကြီးမှာအခြေချပြီး အင်းနက်ကျေးရွာအုပ် ငဗြက်အင်းကျေးရွာထဲကို လက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့ပြီး ဇွန် ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ကလည်း အင်းနက်ကျေးရွာအုပ်စု နရွဲပင်နဲ့ ကြို့ကုန်းကျေးရွာထဲကို လက်နက်ကြီးပစ်ချခဲ့သေးပြီး ပစ်ချတဲ့အရေအတွက်ကို အတိအကျမသိရှိရဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျောက်ကြီးထဲက ရွာတစ်ရွာကိုလက်နဲ့ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေး
ကျောက်ကြီးထဲက ရွာတစ်ရွာကိုလက်နဲ့ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေး

ဒီလိုစစ်ကောင်စီတပ်က အင်းနက်ကျေးရွာအုပ်စုထဲကို လက်နက်ကြီးနဲ့ နှစ်ရက်ဆက်တိုက်ပစ်ချတာကြောင့် အိမ်ခြေအလုံး(၈၀)နဲ့ လူဦးရေ(၄၄၄)ဦးရှိတဲ့ ကြို့ကုန်းကျေးရွာ၊ အိမ်ခြေ(၁၀၈)လုံးနဲ့ လူဦးရေ(၅၄၈)ဦးရှိတဲ့ နရွဲပင်ကျေးရွာက ဒေသခံပြည်သူလူထုတွေနဲ့ ငဗြက်အင်းကျေးရွာက ဒေသခံပြည်သူလူထုတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။