Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင် ဇရပ်ကြီးမြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆို

မနေ့ညပိုင်းကလည်း သံတောင်မြို့ လိပ်သိုမြို့ဘက်တွေမှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထန်းတပင် ဇရပ်ကြီးမြို့
ထန်းတပင် ဇရပ်ကြီးမြို့

ကေအဲန်ယူထိန်းချုပ်နယ်မြေ တောတထူ(ထန်းတပင်)မြို့နယ် ဇရပ်ကြီးမြို့မှာ မနေ့ညပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၂ ထံကနေ သိရပါတယ်။

ကေအဲန်ယူ-တောအူး(တောင်ငူ)ခရိုင် တပ်မဟာ ၂ တပ်ရင်း ၆ နယ်မြေ ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၇၃)တပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား မနေ့ည ၉ နာရီအချိန်ကစပြီး နာရီဝက်ကြာပစ်ခတ်မှုဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားခဲ့တာပါ။

“ဇရပ်ကြီးတပ်စခန်းထဲ လက်နက်ကြီးလို့ယူဆရတဲ့ အသံအကျယ်နှစ်ချက် ကြားရပြီးနောက် လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံတွေစတင်ကြားရပါတယ်။ တော်တော်ကြာပါတယ်။ ၉ နာရီ ၃၅ မိနစ်နောက်ပိုင်း ပြန်လှန်ပစ်ခတ်သံတော့ရပ်သွားပေမယ့် စကစတပ်က တချက်တချက်ပြန်လည်ပစ်ခြောက်ခဲ့ပါတယ်။ စစ်သား၃ဦးသေသွားတယ် ၂ ဦးကဒဏ်ရာပြင်းတယ်”လို့ ဒေသခံတစ်ဦးက ပြောတဲ့အကြောင်း တောအူးကရင်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဒီမနက်ပိုင်းမှာတော့ ဇရပ်ကြီးမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း တပ်မဟာ ၂ ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မနေ့ညပိုင်းကလည်း သံတောင်မြို့ လိပ်သိုမြို့ဘက်တွေမှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။