Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်

ယနေ့နံနက် ၇နာရီခွဲခန့်တွင် ငါးဇွန်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။

ငါန်းဇွန်မြို့
ငါန်းဇွန်မြို့

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့(ဇွန် ၁၄) နံနက်ပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Zeroပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့နံနက် ၇နာရီခွဲခန့်တွင် ငါးဇွန်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။

“သူတို့(စစ်ကောင်စီတပ်)စစ်ဆေးရေးအမြဲလုပ်တဲ့ ငါးန်ဇွန်အရှေ့ဘက်ခြမ်းပေါ့၊ ငါန်းဇွန်က တောင်ဘက်နဲ့အရှေ့ဘက် ဝင်ပေါက်နှစ်ခုရှိတာ အရှေ့ဘက်ခြမ်းမြို့ဝင်ဂိတ်ကို မိုင်းဆင်ပြီးတော့ သူတို့ရောက်လာတဲ့အချိန်မှာ ဖောက်ခွဲပြီးတိုက်ခိုက်ခဲ့တာ”ဟု Zero ပြောက်ကျား တပ်၏ ခေါင်းဆောင်ဖြစ်သူက ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ် ဘန်ကာအတွင်းနေရာယူထားသည့် စစ်ကောင်စီတပ်သားတစ်ဦးနေရာတင်ပွဲချင်းပြီးသေဆုံးပြီး ဘန်ကာအပြင်ဘက်တွင်ရပ်နေသော တပ်သားနှစ်ဦး ပြင်းထန်စွာဒဏ်ရာရသွားသည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၇နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့ စစ်​ကောင်စီစစ်ဆေးရေးဂိတ်(အရှေ့ဘက်ခြမ်း)အား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေ၊နှစ်ဦး ပြင်းထန်ဒါဏ်ရာရရှိခဲ့ပါသည်။

အဆိုပါ ငါန်းဇွန်မြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်များသည် ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းခြင်း၊ ဆိုင်ကယ်စီးသူများကိုဖမ်းဆီးစစ်ဆေးခြင်း၊ ငွေကြေးတောင်းယူခြင်းတို့ လုပ်ဆောင်နေခြင်းကြောင့် ယခုလိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း Zero ပြောက်ကျား တပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်