Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းတွင် ရိက္ခာလာသယ်သည့် စစ်ကောင်စီတပ်ကို လမ်းမှဖြတ်တိုက်

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် အောင်းကျေးရွာအတွင်း ရိက္ခာသွားယူပြီးပြန်လာသော အထက်ပါစစ်ကြောင်းကို အပြန်လမ်းမှ စောင့်ဆိုင်း၍ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

YDF(Htilin)
YDF(Htilin)

ထိခိုက်သေဆုံးမှု မသိရသေး

ယောဒေသ ထီးလင်းမြို့နယ်တွင် ရိက္ခာလာသယ်သော စစ်ကောင်စီတပ်ကို လမ်းမှနေ၍ ဖြတ်တိုက်ခဲ့ကြောင်း YDF(Htilin)က ယနေ့(ဇွန် ၁၆) ထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီခန့်က ရွှေအောင်သာကျေးရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များ အောင်းကျေးရွာဘက် ရိက္ခာလာသယ်စဥ် လမ်းမှဖြတ်တိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့် ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် အောင်းကျေးရွာအတွင်း ရိက္ခာသွားယူပြီးပြန်လာသော အထက်ပါစစ်ကြောင်းကို အပြန်လမ်းမှ စောင့်ဆိုင်း၍ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စကစတပ်စိပ်တစ်စိပ် (၂၅)ဦးခန့်က ရိက္ခာလာသယ်တာဗျ။ အဲမှာ ကျွန်တော်တို့ကင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တာ။ ပစ်ခတ်မှု ၁ နာရီနီးပါးကြာတယ်။ သူတို့(စကစတပ်)အောင်းရွာထဲရောက်တဲ့အချိန်မှာ ရွာကိုဝိုင်းဖို့လုပ်လိုက်တယ်။ သိပ်မကြာဘူး ဒီကောင်တွေပြန်ထွက်လာတော့ ရွာအထွက်မှာ နောက်တစ်ကြိမ်ထပ်တိုက်တယ်”ဟု YDF(Htilin)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း လတ်တလောတွင် အတည်ပြု၍မရသေးကြောင်း ၎င်းက ဆက်ပြော သည်။

ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်များရိက္ခာလာသယ်သည့် အောင်းကျေးရွာမှ ဒေသခံပြည်သူ ၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း YDF(Htilin)ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။