Connect with us

Hi, what are you looking for?

သတင်း

PDFများလက်နက်အပ်ရန် စစ်ကောင်စီ ဖိတ်ခေါ်မှုလက်နက်အစားမုန့်ဟင်းခါးပွဲများသာရမည်ဟု ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တုန့်ပြန်

စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်အပေါ် ” လက်နက်အပ်စေချင်တဲ့ စကစအတွက် လက်နက်တော့မရဘူး။ မုန့်ဟင်းခါးတွေပဲရမယ်”ဟု ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(ဧရာဗေဒါ) က ဇွန် လ၁၆ရက်တွင် သတိ​ပေးထုတ်ပြန်သည်။

ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တုန့်ပြန်သတိပေး
ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တုန့်ပြန်သတိပေး

ပြည်သူ့ကာကွယ်​ရေးတပ်(PDF)များလက်နက်အပ်ရန် စစ်ကောင်စီက နည်းမျိုးစုံဖိတ်ခေါ်နေစဥ် လက်နက်အစား မုန့်ဟင်းခါးပွဲများသာရမည်ဟု ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တုန့်ပြန်သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း ပုသိမ်၊ ဟင်္သာတ၊မအူပင်နှင့်သာပေါင်းမြို့အပါအဝင် မြို့နယ်အများစုတွင် PDF များ လက်နက်အပ်ကြရန်နှင့်လွတ်မြောက်နယ်​မြေတွင် ရောက်နေသူများ ပြန်လာပါက အရေးမယူဘဲ လက်ခံမည်​ဖြစ်ကြောင်း လိုက်လံကြေညာနေသည်။

စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်အပေါ် ” လက်နက်အပ်စေချင်တဲ့ စကစအတွက် လက်နက်တော့မရဘူး။ မုန့်ဟင်းခါးတွေပဲရမယ်”ဟု ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(ဧရာဗေဒါ) က ဇွန် လ၁၆ရက်တွင် သတိ​ပေးထုတ်ပြန်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းတို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသော ဧရာဝတီတိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ် ရေးတပ်များက စစ်ကောင်စီအား တိုက်ခိုက်မှုများ အရှိန်မြင့်လာ​နေသည်။

Public Service Announcement

Public Service Announcement

ဇွန်လ၂ရက်က ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းနေ့တွင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။

ထို့အပြင် မေလကုန်ခန့်ကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့က တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၁၇ရက်တွင် ငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုအတောအတွင်း အင်္ဂပူမြို့တွင် စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှုးကို စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကပစ်ခတ်ရှင်းလင်းစဥ် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ယင်းလူငယ်နှစ်ဦး အသတ်ခံလိုက်ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွင် ပါဝင်သည့် ဖျာပုံခရိုင် ဧရာဗေဒါ တပ်ပေါင်းစု၊ ဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့နှင့် ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့သည် ကျိုက်လတ်မြို့မှ စစ်ကောင်စီဒေါက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှုး အောင်ဆန်းထွန်းကို ဇွန်လ ၁၅ရက်က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီနှင့် ​ထောက်တိုင်များကို ဆက် လက်တိုက်ခိုက်သွားမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။