Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်

ဇွန် ၁၆ ရက်နေ့ ညနေပိုင်းမှာလည်း ပူးပေါင်းတပ်ဖွဲ့တွေက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း နယ်မြေစိုးမိုးရေးအတွက် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးကျေးရွာမှာ လှည့်လည်အင်အားပြပြီး တညအိပ်စခန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

People's Spring
People's Spring

ရေတာရှည်မြို့နယ် ဒေါင့်အင်းကုန်းကျေးရွာအတွင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားလေးဦး သေဆုံးသွားခဲ့တယ်လို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခွဲ ၂ က သတင်းထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ကမ်း ဒေါင့်အင်းကုန်းကျေးရွာအုပ်စု ဒေါင့်အင်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား(၅၀)ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ဇွန် ၁၅ ရက် ည ၆ နာရီအချိန်ခန့်က ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးရှားလော့တပ်ဖွဲ့နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသ(NTDF) ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးသွားတာဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

ဇွန် ၁၆ ရက်နေ့ ညနေပိုင်းမှာလည်း ပူးပေါင်းတပ်ဖွဲ့တွေက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း နယ်မြေစိုးမိုးရေးအတွက် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးကျေးရွာမှာ လှည့်လည်အင်အားပြပြီး တညအိပ်စခန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

ဒါ့အပြင် ဇွန် ၁၇ ရက်နေ့ မနက်ပိုင်းကလည်း နဂျပ်၊ စည်ပိုင်း၊ ရှမ်းစု၊ ကျွန်းကုန်၊ ပိတောက်ကုန်းကျေးရွာတွေကို သွားရောက်ပြီး စည်းရုံးရေးတွေပြုလုပ်ခဲ့ကာ စစ်ကောင်စီက လာရောက်နိုင်ခြင်းမရှိတဲ့အထိ နယ်မြေစိုးမိုးမှုပြုလုပ်နိုင်ခဲ့တယ်လို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အနီးတဝိုက်မှာ သွားလာတာတွေမပြုလုပ်ကြဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူးမေတ္တာရပ်ခံထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook