Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်

ဇွန် ၁၆ ရက်နေ့ ညနေပိုင်းမှာလည်း ပူးပေါင်းတပ်ဖွဲ့တွေက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း နယ်မြေစိုးမိုးရေးအတွက် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးကျေးရွာမှာ လှည့်လည်အင်အားပြပြီး တညအိပ်စခန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

People's Spring
People's Spring

ရေတာရှည်မြို့နယ် ဒေါင့်အင်းကုန်းကျေးရွာအတွင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားလေးဦး သေဆုံးသွားခဲ့တယ်လို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခွဲ ၂ က သတင်းထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ကမ်း ဒေါင့်အင်းကုန်းကျေးရွာအုပ်စု ဒေါင့်အင်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား(၅၀)ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ဇွန် ၁၅ ရက် ည ၆ နာရီအချိန်ခန့်က ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးရှားလော့တပ်ဖွဲ့နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသ(NTDF) ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးသွားတာဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

ဇွန် ၁၆ ရက်နေ့ ညနေပိုင်းမှာလည်း ပူးပေါင်းတပ်ဖွဲ့တွေက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း နယ်မြေစိုးမိုးရေးအတွက် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးကျေးရွာမှာ လှည့်လည်အင်အားပြပြီး တညအိပ်စခန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

ဒါ့အပြင် ဇွန် ၁၇ ရက်နေ့ မနက်ပိုင်းကလည်း နဂျပ်၊ စည်ပိုင်း၊ ရှမ်းစု၊ ကျွန်းကုန်၊ ပိတောက်ကုန်းကျေးရွာတွေကို သွားရောက်ပြီး စည်းရုံးရေးတွေပြုလုပ်ခဲ့ကာ စစ်ကောင်စီက လာရောက်နိုင်ခြင်းမရှိတဲ့အထိ နယ်မြေစိုးမိုးမှုပြုလုပ်နိုင်ခဲ့တယ်လို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အနီးတဝိုက်မှာ သွားလာတာတွေမပြုလုပ်ကြဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူးမေတ္တာရပ်ခံထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။