Connect with us

Hi, what are you looking for?

သတင်း

​ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့တွင် နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များက ဒိုက် ၇၇ကြိမ်ထိုး ဂုဏ်ပြု

ယင်းစခန်းမှ ရဲဘော်များသည် ယနေ့ နေ့လည်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် မွေးနေ့ကိတ်ခွဲခဲ့ကာ ‌‌မွေးနေ့ဆုတောင်းပေးခဲ့ပြီး ပန်းသပိတ်လည်းဆင်နွဲခဲ့ကြောင်း ယင်းစခန်းမှတာဝန်ရှိသူကပြောသည်။

နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ
နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏လက်အောက်ရှိသော နဂါးနီစစ်ကြောင်း တပ်ခွဲ(၁)တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲပြုလုပ်ခဲ့ပြီး ရဲဘော်များက မွေးနေ့လက်‌ဆောင်အဖြစ် ဒိုက် ၇၇ ကြိမ်ထိုးသည့် ဂုဏ်ပြုလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းစခန်းမှ ရဲဘော်များသည် ယနေ့ နေ့လည်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် မွေးနေ့ကိတ်ခွဲခဲ့ကာ ‌‌မွေးနေ့ဆုတောင်းပေးခဲ့ပြီး ပန်းသပိတ်လည်းဆင်နွဲခဲ့ကြောင်း ယင်းစခန်းမှတာဝန်ရှိသူကပြောသည်။

“ညီမတို့ တပ်ခွဲထုံးစံက ရဲဘော်တွေရဲ့မွေးနေ့မှာ သူ့အသက် ၂၅ဆို အချက်ရေ ၂၅ ချက်ထိုးပေးတယ်။ ရဲဘော်အချင်းချင်း ချစ်ခြင်းမေတ္တာကိုပြတဲ့သဘောပါ။ ပုံမှန်ဆို ဒိုက်ထိုးပျင်းတဲ့ ရဲဘော်တွေတောင် မွေးနေ့ရှင်ရဲဘော်အတွက် ဒိုက်အချက်အရေပြည့်အောင်ထိုးပေးတယ်။ ညီမတို့ပေးတဲ့ လက်ဆောင်က ခွန်အားသုံးပြီးပေးတဲ့ လက်ဆောင်မို့ ပကာသနမပါတဲ့ ရိုးရှင်းတဲ့ လက်ဆောင်ပါ”ဟု ယင်းတပ်ခွဲမှ ရဲဘော် အမျိုးသမီးတစ်ဦးက ပြောသည်။

နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ
နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ

“ပြည်သူ့အတွက်ထားတဲ့ အမေ့ရဲ့စေတနာမေတ္တာတရားတွေ စွန့်လွှတ်အနစ်နာခံမှုများကိုလေးစားဦးညွှတ်လျက် ယနေ့ကျရောက်တဲ့ အမေ့ရဲ့မွေးနေ့အတွက် တစ်တိုင်းပြည်လုံးကပြုလုပ်ပေးသော ပန်းသပိတ်နှင့်အတူ အနာဂတ်မျိုးဆက်အတွက် ကျွန်တော်တို့ ကျောတွေကို လမ်းခင်းထားပေးလျက်ပါအမေ။ အမေ မတရားချုပ်နှောင်မှုများမှ အမြန်ဆုံးလွတ်မြောက်ပြီး သက်တော်ရာကျော်ရှည်ပါစေ။Happy Birthday ပါအမေ “ဟု ရဲဘော်တစ်ဦးက ‌မွေးနေ့ရှင်အတွက် ဆုတောင်းပေးသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် မွေးနေ့ရှင်မပါသော်လည်း မွေးနေ့ပွဲများကို နေရာအနှံ့အပြား၌ ကျင်းပပေးခဲ့သည်။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူများလွတ်မြောက်ရေးအတွက် ဆုတောင်းပေးသည့် လှုပ်ရှားမှုကိုလည်းပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲသည် နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ကဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူသည် ၆၀ဦး အနည်းဆုံးရှိသည်ဟု ကြားသိရကြောင်း လက်ရှိတွင် ဂွမြို့ထဲ၌ ရှိနေသူတစ်ဦးကပြောသည်။

သတင်း

ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု SAFက အသိ​ပေးသည်။

သတင်း

စစ်သုံ့ပန်းများမှာ လူငယ်ပိုင်းအရွယ်များဖြစ်ပြီး စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်းခံရပြီးသင်တန်း​ပေးပြီး ​ရှေ့တန်း​စေလွှတ်ခံရသူများပါဝင်​ကြောင်းသိရသည်။