Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ​မြေပြင်တွင် ​တော်လှန်​ရေးရဲ​ဘော်များ​အားတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)
(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)

အိမ်သွင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်တိုက်ခိုက်ရေး ရဲဘော်များထံသွားရောက်ပြီး အားပေး စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့က မြေပြင်တိုက်ခိုက်ရေး ရဲဘော်များထံ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို NUG အစိုးရ၏ သတင်းပြန်ကြား​ရေးဌာန PVTVက ယ‌နေ့(ဒီဇင်ဘာ ၁၀ ရက်)တွင်ဖော်ပြသည်။

(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)
(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)

တော်လှန်ရေးအောင်မှသာလျှင် ပြည်သူ့ဘဝငြိမ်းချမ်းမည် ဖြစ်​သော​ကြောင့် ဆက်လက်အားစိုက်ကြစေလိုကြောင်း၊ PDF များ၏ အားထုတ်မှုတိုင်းကို ကျေးဇူးတင်ကြောင်း၊ CDM နှင့်PDF က တော်လှန်ရေး၏ ဘယ်လက်သီးနှင့် ညာလက်သီး ဖြစ်ကြောင်းဒုဝန်ကြီးဦးကျော်နီက ပြောခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံပြင်ပသို့ရောက်နေသည့် အစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ပြန်လာရန်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြီးနောက် NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့က ၎င်းတို့သည်တော်လှန်ရေးနယ်မြေများ၌ ရှိနေကြောင်းမှတ်တမ်းဓါတ်ပုံများဆက်တိုက်ထုတ်ဖော်ပြသလာကြသည်။

NUGယာယီသမ္မတဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင်တိုက်တွန်းပြီးနောက် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်၊ သဘာဝ သယံဇာတကာကွယ်​ရေးဝန်ကြီး ဒေါက်တာ တူးခေါင်တို့က တော်လှန်ရေးနယ်မြေများ၌ရှိနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့်အသိပေးခဲ့ကြသည်။

(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)
(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်သည် မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးနယ်မြေများတွင် PDF ရဲဘော်များနှင့်တွေ့ဆုံနေသည့် ဓာတ်ပုံမှတ်တမ်းများအား လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းက နိုဝင်ဘာ ၃၀ ရက်၌ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့သည်။ ဦးရည်မွန်သည် ယခင်ကလည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မှ စစ်ဆင်ရေးနယ်မြေများသို့ သွားရောက်ခဲ့ဖူးသည်။

ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကလည်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ဒေသမှ တော်လှန်ပညာရေး မိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲမှတ်တမ်းကို NUG ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သဘာဝ ၊သယံဇာတကာကွယ်​ရေးဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းသည် တော်လှန်ရေးနယ်မြေ၌ရှိနေကြောင်း အညာ​ဒေသတွင်ကွင်းဆင်း​နေ​သော မှတ်တမ်းဓာတ်ပုံများကို ဒီဇင်ဘာလ ၃ရက်ညက ထုတ်ဖော်ပြသလာသည်။

ယခုအခါပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်မှာ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီချက်ဟာ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို အကျုံးဝင်စေမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

သတင်း

မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေဒီကနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးဖက်ဒရယ်ယူနစ် ၊ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေ နဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။