Connect with us

Hi, what are you looking for?

သတင်း

အမ်းမှထွက်​ပြေးလာ​သော စစ်​ကြောင်းကို​တော်လှန်​ရေးတပ်ဖွဲ့များ ဖြတ်​တောက်တိုက်ခိုက် ၂ ဦး​သေ ၊ ၁၄ ဦးဖမ်းမိ

ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု SAFက အသိ​ပေးသည်။

ဖမ်းဆီးရရှိ​​သော စစ်သုံ့ပန်းများကို​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့်​တွေ့ရစဥ်
ဖမ်းဆီးရရှိ​​သော စစ်သုံ့ပန်းများကို​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့်​တွေ့ရစဥ်

အိမ်သွင်/People’s Spring

အမ်းမြို့စစ်မြေပြင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေပြီး အနောက်ပိုင်းစစ်ဌာနချုပ်လက်အောက်ခံ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူးတစ်ဦးကွပ်ကဲသည့် စစ်ကောင်စီစစ်ကြောင်းကို ​တော်လှန်​ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ၂ ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၁၄ ဦးဖမ်းမိခဲ့သည်။

ဗိုလ်မှူးဇော်ထက်နောင်ဦးစီးသော စစ်ကြောင်းကိုမဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အမ်း-ပဒါန်း လမ်းတစ်နေရာတွင် နိုဝင်ဘာ (၂၃) ရက်နေ့တွင်စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်ပြီး ၂ဦးသေဆုံးပြီး ၁၄ခု အရှင်ဖမ်းမိထားသည်ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF)ကယ​နေ့(နိုဝင်ဘာ ၂၈ ရက်)တွင် သတင်းထုတ်ပြန်သည်။

ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု SAFက အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိ​သောလက်နက်၊ကျည်နှင့်အသုံးအ​ဆောင်အချို့။
သိမ်းဆည်းရရှိ​သောလက်နက်၊ကျည်နှင့်အသုံးအ​ဆောင်အချို့။

အဆိုပါစစ်ဆင်​ရေးကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF)၊ PDF မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မဟာမိတ်တွေက ရခိုင်ထွက်ပေါက်တွေမှာ နေရာယူပြီးသားဖြစ်တယ်။ သူတို့ရဲ့တိုက်ရည်ခိုက်ရည်ကို တွေ့ရလိမ့်မယ်။ စောင့်ကြည့်နေပါ”ဟု SAF နှင့် နီးစပ်သူတစ်ဦးကပြောသည်။

အမ်းမြို့တွင် စစ်ကောင်စီတပ် နှင့် အာရက္ခတပ်တော်(AA)အကြား တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ဆုတ်ခွာထွက်ပြေးနေသည်ဟုသတင်းရရှိသည်။

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကိုဆက်သွယ်ထားသအမ်း-ပဒါန်းလမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများနှင့် အာရက္ခတပ်‌တော်(AA)၏ မဟာမိတ်များကလည်း ထိန်းချုပ်ထားသည့်။စစ်​ကောင်စီက အဆိုပါလမ်းကိုအသုံးပြု၍ မြေပြင် မှစစ်ကူပို့နိုင်ရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်များကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်နေသည်။

နိုဝင်ဘာလ ၂၀ရက်နေ့ကလည်းအမ်း-ပဒါန်းလမ်း၊ ဂုတ်ကြီးကျေးရွာအနီး၌ စစ်ကောင်စီအမှတ် (၉၀၅)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်များပါဝင်သည် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ကိုးဦးသေဆုံးကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) က ထုတ်ပြန်ထားသည်။

ထို့အပြင်နိုဝင်ဘာ၂၅ရက်နေ့ကလည်း အမ်း-ပဒါန်းလမ်းမပေါ် ၌ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်(အရှို) CDF – Asho က အသိ​ပေးခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ အမ်းမြို့အပြင် တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့သိမ်းတိုက်ပွဲများပြင်းထန်နေပြီး တောင်ကုတ်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် ယခုရက်ပိုင်း၌ စစ်ကောင်စီ၏တပ်ရင်းအချို့ကို AAက သိမ်းပိုက်ထားနိုင်သည်ဟု ရခိုင်ပြည်နယ်အခြေခိုက်သတင်းဌာန အချို့က ရေသားဖော်ပြသည်။ အဆိုပါမြိုများတွင် ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်နေ၍ မြေပြင်အခြေအနေကို ဆက်သွယ်မေးမြန်း၍မရသေးပေ။

(ဖမ်းဆီးရရှိ​​သော စစ်သုံ့ပန်းများကို​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့်​တွေ့ရစဥ် / သိမ်းဆည်းရရှိ​သောလက်နက်၊ကျည်နှင့်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ-SAF)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAတပ်ဖွဲ့ဝင် ၁၀ဦးကျော် ဖမ်းမိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

သတင်း

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၂ဦး သေဆုံးခဲ့ကြောင်းဖော်ပြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိဟု အသိပေးသည်။

သတင်း

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကိုဆက်သွယ်ထားသည့်အမ်း-ပဒါန်းလမ်းကို တော်လှန်ရေးပူးပေါင်းတပ်များကထိန်းချုပ်ထားသည်။

သတင်း

တိုက်ပွဲသည် နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ကဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူသည် ၆၀ဦး အနည်းဆုံးရှိသည်ဟု ကြားသိရကြောင်း လက်ရှိတွင် ဂွမြို့ထဲ၌ ရှိနေသူတစ်ဦးကပြောသည်။

Facebook