Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်စစ်​ကြောင်းပျက်သွားသည့် လွိုင်​ကော်တိုက်ပွဲ လက်နက် ၂၂ လက်နှင့် ခဲယမ်းများကရင်နီတပ်​ပေါင်းစုသိမ်းဆည်းရရှိ

စစ်သုံ့ပန်းများမှာ လူငယ်ပိုင်းအရွယ်များဖြစ်ပြီး စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်းခံရပြီးသင်တန်း​ပေးပြီး ​ရှေ့တန်း​စေလွှတ်ခံရသူများပါဝင်​ကြောင်းသိရသည်။

(ကရင်နီတပ်​ပေါင်းစုသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓါတ်ပုံ-KNDF ၊Loikaw PDF)
(ကရင်နီတပ်​ပေါင်းစုသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓါတ်ပုံ-KNDF ၊Loikaw PDF)

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂၀ ကျော်သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

နိုဝင်ဘာ ၂၆ ရက်နံနက် ၆ နာရီခန့်ကစတင်ဖြစ်ပွားသော တိုက်ပွဲတွင် မိုးဗြဲမြို့ကုန်းသာ ဘက်မှ လင်ဖုံလေးရွာသို့ စစ်ကြောင်း ထိုးဝင်လာသော ခလရ ၈၀ တပ်ရင်း ကို ကရင်နီတပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တိုက်ပွဲက ၂၆ ရက်နေ့က ဖြစ်ပါတယ်။လင်ဖုံလေး ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီကို တော်လှန်ရေးတပ်တွေက ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီဘက်က အနည်းဆုံး ၁၆ ဦးသေဆုံးပြီးတော့မှ ၂၀ ဦးခန့်ဒဏ်ရာရတယ်။ဖရိုဖရဲ ဖြစ်ပြီး တပ်ဆုတ်သွားရတယ်။အရှင် ငါးဦးဖမ်းမိတယ်။ဖမ်းမိတဲ့ အထဲက တစ်ယောက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေ အနေကြောင့် သေဆုံး သွားပါတယ်”ဟု KNDFတာဝန် ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

KNDF ၏ ထုတ်ပြန်ချက်အရ လင်ဖုံလေးရွာတိုက်ပွဲတွင် စစ်ကောာင်စီလက်အောက်ခံ ခလရ ၈၀ တပ်ကို ကလလတ၊PNDF နှင့် လွိုင်​ကော် Local PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သေနတ် ၂၂ လက် နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့သည်ဟု​ဖော်ပြထားသည်။

စစ်သုံ့ပန်းများမှာ လူငယ်ပိုင်းအရွယ်များဖြစ်ပြီး စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်းခံရပြီးသင်တန်း​ပေးပြီး ​ရှေ့တန်း​စေလွှတ်ခံရသူများပါဝင်​ကြောင်းသိရသည်။

ထို့အတူ လွိုင်ကော်မြို့အပြင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ထိုးစစ်ကို တော်လှန်ရေးတပ်ဖွဲ့များ၊ ရဲဘော်ရဲဘက်များက အတူတကွ တွန်းလှန်ရန် တိုက်တွန်းထားသည်။

တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀) သည် ပဲခူး တိုင်း၊ ပြည်ခရိုင်အင်းမမြို့နယ် အခြေစိုက်တပ်ရင်းဖြစ်သည်။

တပ်မ ၆၆ ၏ လက်အောက်ခံတပ်ရင်းများသည် ယခင် ကတည်းက ကရင်နီပြည်နယ်၌ တပ်ရင်းလိုက် သေဆုံးမှုများရှိထားဖူးပြီး စစ်ကောင်စီသည် တပ်မ ၆၆ တပ်မမှူးနေရာများကို မကြာခဏ ဖြုတ်ထုတ်ခန့်အပ်ခဲ့ရသည်။

ကရင်နီပြည်နယ်၌ ၎င်းတို့ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်ရရန်စစ်ကောင်စီက ယခုနှစ် နှစ်ဝက်ကစ၍ ပအိုဝ်းပြည်သူ့စစ်နှင့်အတူ ဆီဆိုင် နှင့်ပင်လောင်း မြို့ဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ရှမ်းတောင်နှင့် ကရင်နီပြည်နယ် အစပ်ဖြစ်သော မိုးဗြဲ နှင့် ဖယ်ခုံတို့တွင် နေ့စဥ်နီးပါး တိုက်ပွဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း