Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင်စစ်ကောင်စီတပ် ချန်ထားသည့် ဗုံးသီးပေါက်ကွဲ၍ကလေးငယ် ၂ ဦး အသက်ဆုံးရှုံးရ

ကလေးမိဘများအနေဖြင့်လည်း မိမိတို့၏ကလေးများအား ဗုံးသီးများကိုင်တွယ်ကစားခြင်းများမပြုကြရန်အထူးမှာကြားထားရန် လိုအပ်ပြီး ဗုံးသီးများ တွေ့ရှိပါက မြို့နယ် အတွင်းရှိကာကွယ်ရေးအဖွဲ့များသို့ချက်ချင်းအသိပေးအကြောင်းကြားပေးကြရန် ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

မကွေးတိုင်းဂန့်ဂေါမြို့နယ်တွင်စစ်ကောင်စီတပ်စစ်ကြောင်းကချန်ထားသည့် ဗုံးသီးပေါက်ကွဲ၍ယမန်နေ့က အသက် ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဂန့်ဂေါမြို့နယ်ကန်ရွာအနောက်ဘက်ကျောက်ဂူတောရတောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးစဉ်က ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့သည့် ၄၀ မမ ဗုံးသီး ယမန်နေ့ ဇွန်လ ၁၉ရက် ညနေပိုင်းပ ပေါက်ကွဲခဲ့၍ အသက်၇နှစ်အရွယ်စီဖြစ်​သောမောင်ပြည့်စုံမောင် နှင့် မောင်မင်းထွဋ်ဇော တို့အသက်ဆုံးရှုံးခဲ့ရသည်ဟုဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်က တောတိုက်များအတွင်း၌ သော်လည်းကောင်း၊ကျေးရွာများအတွင်း၌သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်ဖြစ်စေ၊ ကျန်ရစ်ခဲ့သည်ဖြစ်စေ၊ယင်းတို့ပစ်ခတ်စဉ် မပေါက်ကွဲ၍ဖြစ်စေကျန်ရစ်ခဲ့သော ဗုံးသီးများနှင့် အန္တရာယ် ရှိသည့်ပစ္စည်းများ အားတွေ့ရှိပါက ကိုင်တွယ်ခြင်းများမပြုလုပ်ကြပါရန်ဂန့်ဂေါ PDFကသတိပေးထားသည်။

ထို့အပြင် ကလေးမိဘများအနေဖြင့်လည်း မိမိတို့၏ကလေးများအား ဗုံးသီးများကိုင်တွယ်ကစားခြင်းများမပြုကြရန်အထူးမှာကြားထားရန် လိုအပ်ပြီး ဗုံးသီးများ တွေ့ရှိပါက မြို့နယ် အတွင်းရှိကာကွယ်ရေးအဖွဲ့များသို့ချက်ချင်းအသိပေးအကြောင်းကြားပေးကြရန် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။