Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါတွင်စစ်ကောင်စီတပ် ချန်ထားသည့် ဗုံးသီးပေါက်ကွဲ၍ကလေးငယ် ၂ ဦး အသက်ဆုံးရှုံးရ

ကလေးမိဘများအနေဖြင့်လည်း မိမိတို့၏ကလေးများအား ဗုံးသီးများကိုင်တွယ်ကစားခြင်းများမပြုကြရန်အထူးမှာကြားထားရန် လိုအပ်ပြီး ဗုံးသီးများ တွေ့ရှိပါက မြို့နယ် အတွင်းရှိကာကွယ်ရေးအဖွဲ့များသို့ချက်ချင်းအသိပေးအကြောင်းကြားပေးကြရန် ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

မကွေးတိုင်းဂန့်ဂေါမြို့နယ်တွင်စစ်ကောင်စီတပ်စစ်ကြောင်းကချန်ထားသည့် ဗုံးသီးပေါက်ကွဲ၍ယမန်နေ့က အသက် ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဂန့်ဂေါမြို့နယ်ကန်ရွာအနောက်ဘက်ကျောက်ဂူတောရတောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးစဉ်က ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့သည့် ၄၀ မမ ဗုံးသီး ယမန်နေ့ ဇွန်လ ၁၉ရက် ညနေပိုင်းပ ပေါက်ကွဲခဲ့၍ အသက်၇နှစ်အရွယ်စီဖြစ်​သောမောင်ပြည့်စုံမောင် နှင့် မောင်မင်းထွဋ်ဇော တို့အသက်ဆုံးရှုံးခဲ့ရသည်ဟုဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်က တောတိုက်များအတွင်း၌ သော်လည်းကောင်း၊ကျေးရွာများအတွင်း၌သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်ဖြစ်စေ၊ ကျန်ရစ်ခဲ့သည်ဖြစ်စေ၊ယင်းတို့ပစ်ခတ်စဉ် မပေါက်ကွဲ၍ဖြစ်စေကျန်ရစ်ခဲ့သော ဗုံးသီးများနှင့် အန္တရာယ် ရှိသည့်ပစ္စည်းများ အားတွေ့ရှိပါက ကိုင်တွယ်ခြင်းများမပြုလုပ်ကြပါရန်ဂန့်ဂေါ PDFကသတိပေးထားသည်။

ထို့အပြင် ကလေးမိဘများအနေဖြင့်လည်း မိမိတို့၏ကလေးများအား ဗုံးသီးများကိုင်တွယ်ကစားခြင်းများမပြုကြရန်အထူးမှာကြားထားရန် လိုအပ်ပြီး ဗုံးသီးများ တွေ့ရှိပါက မြို့နယ် အတွင်းရှိကာကွယ်ရေးအဖွဲ့များသို့ချက်ချင်းအသိပေးအကြောင်းကြားပေးကြရန် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။