Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာပေါ်မှာ အကြီးဆုံး ရေချိုငါးကြီးကို မဲခေါင်မြစ်ထဲမှာ ဖမ်းမိ

ငါးလိပ်ကျောက်ကြီးကို ကမ္ဘောဒီးယား မြောက်ပိုင်းက ခိုဖရား ကျွန်းနားမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းမိခဲ့တာပါ။ အရင်က ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ၆၄၅ ပေါင်လေးတဲ့ ငါးခူကြီးရဲ့ ကမ္ဘာ့အကြီးဆုံး ရေချိုငါးဆိုတဲ့ စံချိန်ဟောင်းကို ဘိုရာမီက ချိုးဖျက်နိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ရေချိုငါးကြီးကို မဲခေါင်မြစ်ထဲမှာ ဖမ်းမိ
ကမ္ဘာပေါ်မှာ အကြီးဆုံး ရေချိုငါးကြီးကို မဲခေါင်မြစ်ထဲမှာ ဖမ်းမိ

မှတ်တမ်းတင်ဖူးသမျှ ကမ္ဘာပေါ်မှာအကြီးမားဆုံး ရေချိုငါးကြီးကို မဲခေါင်မြစ်ထဲမှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက မဲခေါင်မြစ်ဘေးက တံငါရွာလေး တစ်ခုမှာ ဧရာမ ငါးလိပ်ကျောက်ကြီးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အလေးချိန် ၆၆၁ ပေါင်ရှိတဲ့ ငါးကြီးကို အရွယ်ရောက်ပြီးသူ လူကြီး ၁၂ ယောက်လောက်ရဲ့ အားနဲ့ ကမ်းပေါ်ထိ ဆွဲတင်ခဲ့ကြရပါတယ်။

ဒီငါးကြီးကို ဘိုရာမီလို့ နာမည်ပေးထားပြီး ခမာ ဘာသာစကားအရ လပြည့်လို့ အဓိပ္ပါယ် ရပါတယ်။ ငါးကြီးရဲ့ ပြည့်ဝန်း ဝိုင်းစက်နေတဲ့ ကိုယ်ထည် ပုံသဏ္ဍန်ကို အစွဲပြုပြီး ဒီနာမည် ပေးထားတာပါ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ သိပ္ပံပညာရှင်တွေက ၁၃ ပေ ရှည်လျားတဲ့ ငါးလိပ်ကျောက် အမကြီးရဲ့ ခန္ဓာကိုယ်မှာ အီလက်ထရောနစ် ခြေရာခံ ကိရိယာတစ်ခု တပ်ဆင်ပေးပြီးနောက် ရေထဲကို ပြန်လွှတ်ပေးလိုက်ကြပါတယ်။

ငါးကြီးရဲ့ အမူအကျင့်နဲ့ ပြုမူလှုပ်ရှားပုံတွေကို ကာလရှည်ကြာ စောင့်ကြည့်သွားဖို့ သုတေသီတွေက ရည်ရွယ်ထားပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေချိုငါးကြီးကို ဖမ်းမိခဲ့တယ် ဆိုတာက တကယ့်ကို စိတ်လှုပ်ရှားစရာ သတင်းထူးတစ်ခု ဖြစ်တယ်လို့ National Geographic အစီအစဉ်မှူးဟောင်း ဇက်ဘ် ဟိုဂန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဲခေါင်မြစ်ရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သန့်စင်မှု စံနှုန်းတွေအတွက် စိုးရိမ်တာတွေ ရှိနေပေမယ့် ဒီလို ငါးကြီးမျိုးကို တွေ့ခဲ့ရတယ် ဆိုတာက မဲခေါင်မြစ် ကျန်းမာရေး ကောင်းနေသေးတယ် ဆိုတာကို ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။

ငါးလိပ်ကျောက်ကြီးကို ကမ္ဘောဒီးယား မြောက်ပိုင်းက ခိုဖရား ကျွန်းနားမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းမိခဲ့တာပါ။ အရင်က ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ၆၄၅ ပေါင်လေးတဲ့ ငါးခူကြီးရဲ့ ကမ္ဘာ့အကြီးဆုံး ရေချိုငါးဆိုတဲ့ စံချိန်ဟောင်းကို ဘိုရာမီက ချိုးဖျက်နိုင်ခဲ့ပါတယ်။

တံငါသည် တစ်ယောက်ဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ ကြုံနေတဲ့ ငါးလိပ်ကျောက်ကြီးတစ်ကောင် သူ့ငါးမျှားချိတ်မှာ မိနေမှန်း သိသွားတော့ ‘မဲခေါင်ရဲ့ အံ့ဖွယ်များ’ စီမံကိန်း တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းမှာ National Gerographicကလည်း ပူးပေါင်း ပါဝင်ပြီး မဲခေါင်မြစ်နဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေကို စုစည်း မှတ်တမ်းယူနေတာ ဖြစ်ပါတယ်။

မဲခေါင်ဟာ ကမ္ဘာပေါ်မှာ ငါးမျိုးကွဲ တတိယ အများဆုံး မှီတင်းနေထိုင်တဲ့ မြစ်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ ငါးဖမ်းခြင်း၊ ဆားငန်ရေ ဝင်ရောက်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းတွေကြောင့် မဲခေါင် ငါးမျိုးစိတ်တွေအပေါ် ထိခိုက် သက်ရောက်မှုတွေ ရှိလာမှာကို ပညာရှင်တွေက စိုးရိမ်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဆီးနှင်းတွေနဲ့ အေးခဲနေတဲ့ တရုတ်-တိဘက်ကုန်းပြင်မြင့်ရဲ့ တန်ဂူလာတောင်တန်းအနီး ရေခဲမြစ်တွေ ကနေ စတင်မြစ်ဖျားခံလာတဲ့ မဲခေါင်မြစ်ဟာ အရှေ့တောင်အာရှရဲ့ မိုင်ပေါင်း ၂,၇၀၀ ကျော်ရှည်လျားတဲ့အသက်သွေးကြော မြစ်ကြီးတစ်စင်းအဖြစ် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်အတွင်းကို ဝင်ရောက် စီးဆင်းသွားပါတယ်။

သတင်း

ဖေဖော်ဝါရီ-၈၊၂၀၂၆။ဆိုင်းမင်း/People’s Spring စစ်ကိုင်းတိုင်း ၊ကောလင်းမြို့နယ် အနောက်ပိုင်းက ကျောက်ကာရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်ကြီး တစ်ဦးကို မနေ့ (ဖေဖော်ဝါရီလ ၇ ရက်) မနက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးမိတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြတဲ့ကောလင်းတော်လှန်ရေး( Kawlin Revolution KR) ကထုတ်ပြန်လာပါတယ်။ တပ်ကြပ်ကြီး ထူးထူးနိုင် ဆိုသူ ဖမ်းခံရတာဖြစ်ပြီး...

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် ဇူလိုင်လ ၃၀ ရက်က ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးငယ်တစ်ဦးအားငါးရက်အကြာတွင်မဲခေါင်မြစ်အတွင်းသေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်။

သတင်း

မြန်မာနိုင်ငံဖက်ခြမ်းက လွန်လွန်ကဲကဲ သတ္တုတူးဖော် ထုတ်လုပ်မှုတွေကြောင့် မဲခေါင်မြစ်ရေ ညစ်နွမ်းပြီး ငါးသယံဇာတ အရမ်းလျော့သွားကြောင်း လာအိုနိုင်ငံရဲ့ ရေလုပ်သားတွေက ပြောပါတယ်။