Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်တွင်ပျောက်​နေသည့်ကလေးငယ်တစ်ဦး၏ ရုပ်အလောင်း မဲခေါင်မြစ်အတွင်းတွေ့ရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် ဇူလိုင်လ ၃၀ ရက်က ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးငယ်တစ်ဦးအားငါးရက်အကြာတွင်မဲခေါင်မြစ်အတွင်းသေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်။

က​လေးငယ်၏ ရုပ်အ​လောင်းကိုဆယ်ယူ​နေကြစဥ်။ ဓါတ်ပုံ-CJ

သြဂုတ်-၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် ဇူလိုင်လ ၃၀ ရက်က ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးငယ်တစ်ဦးအားငါးရက်အကြာတွင်မဲခေါင်မြစ်အတွင်းသေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်။

အသက်၁၀နှစ်ခန့်အရွယ်မိန်းကလေးငယ်တစ်ဦးသည် ဇူလိုင်လ ၃၀ရက် နေ့လယ် ၂နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ထံ မိသားစုဝင်များကလူပျောက် တိုင်ကြားခဲ့သည်။

ဩဂုတ်လ၄ရက် နံနက် ၇နာရီခန့်တွင်တာချီလိတ်မြို့နန်းမလွှတ်ရွာနှင့်ဆက်စပ်နေသောမဲခေါင်မြစ်အတွင်းတွင်ရုပ်လောင်းအာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ကလေးငယ်ကဘယ်လိုပုံစံနဲ့ပျောက်ဆုံးသွားတယ်ဆိုတာ မသိရဘူး။ လုံးဝကို ပဟေဠိဖြစ်နေတာ။ပျောက်သွားတယ်။ပြီးတော့အလောင်းပြန်တွေ့တယ်။ဖြစ်စဉ်ကရှုပ်ထွေးနေတယ်”ဟုအဆိုပါမြို့ခံကပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းတွင် တာချီလေးမြို့၌ရေကြီးနှစ်မြုပ်စဉ် ရေဘေးကြောင့်သေဆုံးခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံအချို့ကသုံးသပ်သည်။ သို့သော် အမှုဖြစ်စဉ်အခြေအနေကို တိတိကျကျပြောနိုင်ခြင်းမရှိကြပေ။

စစ်ကောင်စီထိန်းချုပ်ထားသည့်နယ်စပ်မြို့များတွင်လုယက်မှုများ၊ ပြန်ပေးစွဲမှုများမကြာခဏဖြစ်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့တွင်လည်း ပြီးခဲ့သည့်ဇန်နဝါရီလက အမျိုးသမီးတစ်ဦး လုယက်သတ်ဖြတ်အလောင်းဖျောက်ဖျက်ခံခဲ့ရသည်။အသက်၂၀ခန့်အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၇ ရက်ကနေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးသွား၍ လိုက်ရှာစဉ်ဇန်နဝါရီ ၁၁ ရက်တွင် မူဆယ်မြို့ Win စီးကရက် စက်ရုံအနောက်ဘက်၌ ရုပ် အလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို

သတင်း

တာချီလိတ်မြို့မှာ နေ့ခင်းကြောင်တောင် ဝင်ခိုးတဲ့သူခိုးဟာ လူတွေမိသွားလို့ ဝိုင်းရိုက်မှာကြောက်ပြီး အိမ်ခေါင်မိုးပေါ်ကမဆင်းနိုင်ဘဲ တစ်နာရီနီးပါး အမိုးပေါ်လမ်းလျှောက်နေခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။

သတင်း

မြန်မာနိုင်ငံဖက်ခြမ်းက လွန်လွန်ကဲကဲ သတ္တုတူးဖော် ထုတ်လုပ်မှုတွေကြောင့် မဲခေါင်မြစ်ရေ ညစ်နွမ်းပြီး ငါးသယံဇာတ အရမ်းလျော့သွားကြောင်း လာအိုနိုင်ငံရဲ့ ရေလုပ်သားတွေက ပြောပါတယ်။