Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် ရဲနှစ်ဦးအသတ်ခံရမှု စစ်​ကောင်စီသတင်းဖုံးဖိထား

သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(လားရှိုးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်​နေ​သော ရဲများအား ၂၀၂၁ မတ်လအတွင်းက ​တွေ့ရစဥ်)
(လားရှိုးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်​နေ​သော ရဲများအား ၂၀၂၁ မတ်လအတွင်းက ​တွေ့ရစဥ်)

လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ယင်းသတင်း ပြင်ပသို့မပေါက်ကြား​စေရန် စစ်ကောင်စီက ဖုံးဖိထားသည်ဟု ရဲတပ်ဖွဲ့ဝင်အချို့နှင့် မြို့ခံများက ပြောသည်။

လားရှိုးမြို့မရဲစခန်းမှ နယ်ထိန်းအဆင့်ရဲအရာရှ်ိတစ်ဦးနှင့် ရဲတပ်သားတစ်ဦးသည် လားရှိုးမြို့ (၁၂) ရပ်ကွက်တွင် ဇွန်လ ၂၀ရက်ညက အသတ်ခံလိုက်ရခြင်းဖြစ်သည်။

“ရဲနှစ်ယောက်သေတယ်။ စစ်တပ်က အဲ့သတင်းကို ဖုံဖိထားတယ်။ သတင်းရေးတဲ့သူတွေကိုလည်း သတိပေးထားလို့ မရေးရဲကြဘူး”ဟု လားရှိုးမြို့ ခံတစ်ဦးက ပြောသည်။

ဇွန်လ ၂၀ရက် ည ၁၀နာရီခန့်က သေနတ်သံနှစ်ချက်ကြားရပြီး ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံကားနှစ်စီးဖြင့် တင်ဆောင်သွားသည်ကို တွေ့ရကြောင်း (၁၂) ရပ်ကွက်တွင် နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

Facebook