Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးမြို့တွင် ရဲနှစ်ဦးအသတ်ခံရမှု စစ်​ကောင်စီသတင်းဖုံးဖိထား

သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(လားရှိုးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်​နေ​သော ရဲများအား ၂၀၂၁ မတ်လအတွင်းက ​တွေ့ရစဥ်)
(လားရှိုးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်​နေ​သော ရဲများအား ၂၀၂၁ မတ်လအတွင်းက ​တွေ့ရစဥ်)

လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ယင်းသတင်း ပြင်ပသို့မပေါက်ကြား​စေရန် စစ်ကောင်စီက ဖုံးဖိထားသည်ဟု ရဲတပ်ဖွဲ့ဝင်အချို့နှင့် မြို့ခံများက ပြောသည်။

လားရှိုးမြို့မရဲစခန်းမှ နယ်ထိန်းအဆင့်ရဲအရာရှ်ိတစ်ဦးနှင့် ရဲတပ်သားတစ်ဦးသည် လားရှိုးမြို့ (၁၂) ရပ်ကွက်တွင် ဇွန်လ ၂၀ရက်ညက အသတ်ခံလိုက်ရခြင်းဖြစ်သည်။

“ရဲနှစ်ယောက်သေတယ်။ စစ်တပ်က အဲ့သတင်းကို ဖုံဖိထားတယ်။ သတင်းရေးတဲ့သူတွေကိုလည်း သတိပေးထားလို့ မရေးရဲကြဘူး”ဟု လားရှိုးမြို့ ခံတစ်ဦးက ပြောသည်။

ဇွန်လ ၂၀ရက် ည ၁၀နာရီခန့်က သေနတ်သံနှစ်ချက်ကြားရပြီး ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံကားနှစ်စီးဖြင့် တင်ဆောင်သွားသည်ကို တွေ့ရကြောင်း (၁၂) ရပ်ကွက်တွင် နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။