Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်တွင် ကျေးရွာတစ်ရွာသို့ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို လက်ဦးမှုယူတိုက်ခိုက်၊ စစ်သားငါးဦးသေ

ထိုတိုက်ပွဲတွင်ရန်သူဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ တော်လှန်ရေးပူး ပေါင်းတပ်မှ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ်ဒဏ်ရာရသည်မှလွဲ၍အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

(ရေတာရှည် PDF မှ တပ်ဖွဲ့ဝင်ချို့)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ကျေးရွာအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်ဦးမှူယူပြီး တိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၂ က ထုတ်ပြန်သည်။

ယမန်နေ့က ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်၊ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ ဂွေးသဲကျေးရွာတွင် ဒေသကာကွယ်ရေးတပ်များရှိနေစဥ် စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်ဖြင့် ဂွေးသဲရွာဘက်ရောက်လာရာ လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန် သည်။

ဂွေးသဲရွာတွင် နယ်မြေစိုးမိုးရေးလုပ်ဆောင်လျက်ရှိရာ သံတောင်မြောက်ပိုင်း အထူးဒေသ ဥက္ကဌဟောင်း ဦးကိုကြီးအဖွဲ့ (NTDF)နှင့် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေး ရှားလော့ တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးငါးဦးသေဆုံးကြောင်း ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ပွဲတွင်ရန်သူဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ တော်လှန်ရေးပူး ပေါင်းတပ်မှ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ်ဒဏ်ရာရသည်မှလွဲ၍အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ရေးတင်းမာမှုအရ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့အနီးမှာမနေဖို့သတိပေးလိုပါတယ်”ဟု ရေတာရှည် PDF တပ်ခွဲ ၂ မှ ရဲဘော်တစ်ဦးက သတင်းစကားပါးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။