Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေးတွေ တီထွင် အောင်မြင်ပြီး ၁ နှစ်အတွင်း လူ့အသက် သန်း ၂၀ လောက် ကယ်တင်နိုင်ခဲ့

စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဆေး
ကိုဗစ်ရောဂါကာကွယ်ဆေး

ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးတွေ တီထွင် အောင်မြင်ခဲ့ခြင်းက တစ်နှစ်တာ ကာလအတွင်း လူ့အသက်ပေါင်း သန်း ၂၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သုတေသန စစ်တမ်း တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပြီး လက်တွေ့ ထိုးနှံမှုတွေ စတင်ချိန် ကတည်းက ၁ နှစ်တာအတွင်း ဆေးအာနိသင်ကြောင့် အဖိုးတန် လူ့အသက်တွေ မဆုံးရှုံးအောင် ထိထိရောက်ရောက် ထောက်ပံ့နိုင်ခဲ့တယ်လို့ Lancet ကူးစက်ရောဂါဆိုင်ရာ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီသုတေသန ရလဒ်ဟာ ကမ္ဘာအနှံ့က နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၅ ခုကနေ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၈ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်အတွင်း ရယူထားတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ကိုဗစ် ကာကွယ်ဆေးကြောင့် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဘယ်လောက် ထိရောက် အောင်မြင်မှုတွေ ရှိခဲ့သလဲ ဆိုတဲ့အပေါ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ချဉ်းကပ် သုတေသန ပြုထားတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

အဲဒီ တစ်နှစ်တာအတွင်း ကာကွယ်ဆေးတွေသာ မပေါ်ပေါက်ခဲ့သေးဘူးဆိုရင် ရောဂါကြောင့် သေဆုံးသူ ၃၁.၄ သန်းလောက်ထိ များနိုင်မယ့် အလားအလာ ရှိခဲ့ကြောင်း၊ ကာကွယ်ဆေးတွေ အချိန်မီ ထိုးနှံမှု ခံယူနိုင်ခဲ့တဲ့အတွက် အဲဒီထဲက လူ့အသက် ၁၉.၈ သန်းလောက် ချမ်းသာရာ ရခဲ့ကြောင်း သုတေသီတွေက ဆိုပါတယ်။ တစ်နည်းအားဖြင့် ကာကွယ်ဆေး ရှိခြင်းနဲ့ မရှိခြင်းကြားမှာ သေနှုန်းကို ၆၃ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က စုစည်းထားတဲ့ တရားဝင် စာရင်းအရ ကိုဗစ်ကြောင့် ကမ္ဘာတလွှားမှာ သေဆုံးသူ ၆.၃ သန်းကျော် ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အမှန်တကယ် သေဆုံးခဲ့တဲ့ အရေအတွက်ဟာ ၁၅ သန်းထက်မနည်း ရှိလိမ့်မယ်ဆိုတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။