Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကာကွယ်ဆေးတွေ တီထွင် အောင်မြင်ပြီး ၁ နှစ်အတွင်း လူ့အသက် သန်း ၂၀ လောက် ကယ်တင်နိုင်ခဲ့

စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဆေး
ကိုဗစ်ရောဂါကာကွယ်ဆေး

ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးတွေ တီထွင် အောင်မြင်ခဲ့ခြင်းက တစ်နှစ်တာ ကာလအတွင်း လူ့အသက်ပေါင်း သန်း ၂၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သုတေသန စစ်တမ်း တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပြီး လက်တွေ့ ထိုးနှံမှုတွေ စတင်ချိန် ကတည်းက ၁ နှစ်တာအတွင်း ဆေးအာနိသင်ကြောင့် အဖိုးတန် လူ့အသက်တွေ မဆုံးရှုံးအောင် ထိထိရောက်ရောက် ထောက်ပံ့နိုင်ခဲ့တယ်လို့ Lancet ကူးစက်ရောဂါဆိုင်ရာ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီသုတေသန ရလဒ်ဟာ ကမ္ဘာအနှံ့က နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၅ ခုကနေ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၈ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်အတွင်း ရယူထားတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ကိုဗစ် ကာကွယ်ဆေးကြောင့် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဘယ်လောက် ထိရောက် အောင်မြင်မှုတွေ ရှိခဲ့သလဲ ဆိုတဲ့အပေါ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ချဉ်းကပ် သုတေသန ပြုထားတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

အဲဒီ တစ်နှစ်တာအတွင်း ကာကွယ်ဆေးတွေသာ မပေါ်ပေါက်ခဲ့သေးဘူးဆိုရင် ရောဂါကြောင့် သေဆုံးသူ ၃၁.၄ သန်းလောက်ထိ များနိုင်မယ့် အလားအလာ ရှိခဲ့ကြောင်း၊ ကာကွယ်ဆေးတွေ အချိန်မီ ထိုးနှံမှု ခံယူနိုင်ခဲ့တဲ့အတွက် အဲဒီထဲက လူ့အသက် ၁၉.၈ သန်းလောက် ချမ်းသာရာ ရခဲ့ကြောင်း သုတေသီတွေက ဆိုပါတယ်။ တစ်နည်းအားဖြင့် ကာကွယ်ဆေး ရှိခြင်းနဲ့ မရှိခြင်းကြားမှာ သေနှုန်းကို ၆၃ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က စုစည်းထားတဲ့ တရားဝင် စာရင်းအရ ကိုဗစ်ကြောင့် ကမ္ဘာတလွှားမှာ သေဆုံးသူ ၆.၃ သန်းကျော် ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အမှန်တကယ် သေဆုံးခဲ့တဲ့ အရေအတွက်ဟာ ၁၅ သန်းထက်မနည်း ရှိလိမ့်မယ်ဆိုတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။