Connect with us

Hi, what are you looking for?

သတင်း

R2P၏ တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း စစ်တပ်ကိုအရေးယူရန် ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတိုက်တွန်း

လက်ရှိမြန်မာနိုင်ငံအခြေအနေသည် ကာကွယ်မှုပေးရန် တာဝန်ရှိမှုအား ကိုးကားချမှတ်ရန် လိုသည့် သတ်မှတ်အဆင့်နှင့် ကိုက်ညီပြီး ကာကွယ်မှုပေးရန် တာဝန်ရှိမှု၏ တတိယကဏ္ဍ၌ ဖော်ပြသည့်အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ပြတ်သားညီညွတ်သည့်အရေးယူဆောင်ရွက်မှုချမှတ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စစ်တပ်၏ ရက်စက်သည့်လုပ်ရပ်များမှ ပြည်သူများအား ကာကွယ်ပေးရန်ဟူသော တာဝန်ရှိမှု၊ ကတိကဝတ်(R2P)အတိုင်း အရေးယူဆောင်ရွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တိုက်တွန်းသည်။

ကာကွယ်မှုပေးရန် တာဝန်ရှိမှု(Responsibility to Protect-R2P)နှင့် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြော တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံအခြေအနေသည် ကာကွယ်မှုပေးရန် တာဝန်ရှိမှုအား ကိုးကားချမှတ်ရန် လိုသည့် သတ်မှတ်အဆင့်နှင့် ကိုက်ညီပြီး ကာကွယ်မှုပေးရန် တာဝန်ရှိမှု၏ တတိယကဏ္ဍ၌ ဖော်ပြသည့်အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ပြတ်သားညီညွတ်သည့်အရေးယူဆောင်ရွက်မှုချမှတ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာပြည်သူများသည် ၎င်းတို့အားကာကွယ်ပေးရန် R2P ဆိုင်းဘုတ်များကိုင်၍ ကျယ်လောင်စွာ တောင်းဆိုခဲ့သော်လည်းဝမ်းနည်းစရာမှာ ယခုအချိန်အထိ ယင်းတောင်းဆိုချက်သည် အရေးယူအလေးထားခြင်း မခံရသည့်အတွက် မြန်မာပြည်သူများက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြတ်သားညီညွတ်သည့် အရေးယူဆောင်ရွက်မှုကိုရရှိရန် နောက်ထပ်အသက် မည်မျှဆုံးရှုံးအနစ်နာခံရမည်လဲဟူသော မေးခွန်းကိုသာ တစိုက်မတ်မတ် မေးမြန်းနေကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် ပြည်သူကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်မှုမျိုးပင် မဟုတ်ဘဲ ၎င်းတို့ အာဏာရှိရန်နှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ သွတ်သွင်းရန် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက အစီရင်ခံသည်။

စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ လေ​ကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁.၂ သန်း သည် နေရပ်စွန်ခွာခဲ့ရကြောင်းလည်း သံအမတ်ကြီးက ကုလညီလာခံသို့ အသိပေးသည်။

စစ်တပ်၏ ရက်စက်ယုတ်မာသည့် ဗီဇနှင့် လုပ်ရပ်ကို လွတ်လပ်သည့် ရေဒီယိုအာရှအသံ (Radio Free Asia) မှ ရရှိသည့် စစ်သားတစ်ဦး၏ လက်ကိုင်ဖုန်း ဗီဒီယိုမှတ်တမ်းက သက်သေပြနေပြီး ယင်းဗီဒီယိုသည် စစ်တပ်က ပြည်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ထိတ်လန့်စက်ဆုပ် ဖွယ်ဖော်ပြနေကြောင်း ၎င်းက ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လူသားမဆန်သည့် မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး(ICC) သို့ လွှဲပြောင်းရန် အရေးကြီးလိုအပ်နေပြီး သို့မှသာ လူသားဆန်မှုကို ပြသရာ ရောက်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်သို့ လျှောက်လှမ်းသည့် ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက ကုလညီလာခံ၌ ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။