Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မှာ ဆိုင်ကယ်စီးအမျိုးသား ၂ ဦးကို အရပ်ဝတ်စစ်​သား​တွေကလိုက်ပစ်ခတ်လို့ ၁ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။

မန္တလေး
မန္တလေး

မနေ့က ညနေပိုင်း ၃ နာရီခန့်က မန္တလေးမြို့ ၊ ၈၄ လမ်းပေါ်က Lotteria ကြက်ကြော်ဆိုင်ရှေ့မှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဆိုင်ငယ်စီးအမျိုးသား ၂ဦးအနက် ၁ ဦးသေဆုံးခဲ့ပြီး ကျန် ၁ ဦးလည်းဒဏ်ရာရသွားကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒီဖြစ်စဉ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးလည်းဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်လို့ သေဆုံးသွားသူဟာအရပ်သားဖြစ်တယ်လို့သိရပြီးအလောင်းကို လူမြင်ကွင်းမှာပဲစွန့်ပစ်ထားခဲ့တယ်လို့ မြင်တွေ့ရသူ ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။