Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား သုတ်သင်ရှင်းလင်း

အုပ်ချုပ်ရေးမှူးအား အသေပစ်ခတ်ရှင်းလင်းရာ ပွိုင့်(၂၂) လက်နက်သေနတ်တစ်လတ်နှင့် လက်ပစ်ဗုံး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း Seven People Defense Forceအဖွဲ့က ဆိုသည်။

(အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသည့် လက်လုပ်သေနတ်နှင့်လက်ပစ်ဗုံးအပါအဝင် ပစ္စည်းအချိူ့အား တွေ့ရစဥ်။ ဓာတ်ပုံ-Seven People Defence Force)
(အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသည့် လက်လုပ်သေနတ်နှင့်လက်ပစ်ဗုံးအပါအဝင် ပစ္စည်းအချိူ့အား တွေ့ရစဥ်။ ဓာတ်ပုံ-Seven People Defence Force)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ပြီး လက်လုပ်သေနတ်တစ်လတ်နှင့် လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းရမိကြောင်း Seven People Defense Force အဖွဲ့က ယနေ့(ဇွန်လ၂၉ရက်) သတင်းထုတ်ပြန် သည်။

တောင်သာမြို့နယ်၊ တံတားကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပျူမောင်နိုင်သည် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ရမ်းကားပြီး ရပ်ရွာလူထူအပေါ် ခြိမ်းခြောက်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေကြောင်း သတင်းရရှိ၍ မဟာမိတ်အဖွဲ့များကသွားရောက်ရှင်းလင်းခဲ့ကြောင်း Seven People Defense Forceအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အုပ်ချုပ်ရေးမှူးအား အသေပစ်ခတ်ရှင်းလင်းရာ ပွိုင့်(၂၂) လက်နက်သေနတ်တစ်လတ်နှင့် လက်ပစ်ဗုံး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း Seven People Defense Forceအဖွဲ့က ဆိုသည်။

အဆိုပါဖြစ်စဥ်အား မဟာမိတ်အဖွဲ့များဖြစ်သော မြေလတ်-PDF MGN District၊ Seven People Defense Force၊ TTA-ပြောက်ကျားတပ်(တောင်သာ)၊ Natogyi Regional Defence Force၊ 27 Revolution Forces (မြင်းခြံ)တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့ကအသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Seven People Defense Forceထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဇွန်လ၁၂ရက်ကလည်း တောင်သာ – မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့် နန်းမြင့်ရွာအကြားရှေ့ပြေးရဲကားတစ်စီးအား ဒေသတွင်းမဟာမိတ်အဖွဲ့များက မိုင်း သုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။