Connect with us

Hi, what are you looking for?

သတင်း

ကနောင်မြို့တွင် စစ်ကောင်စီနောက်လိုက် ရဲများကို နဂါးနီတော်လှန်ရေးတပ် တိုက်ခိုက်

“ဆိုင်ကယ်နဲ့ သွားရင်းကနေ Mission ကိုအကောင် အထည်ဖော်တာ။ အခက်အခဲတွေတော့ ရှိခဲ့တယ်။ပြည်သူ့ရဲဘော်တွေလည်း အန္တရာယ်ကင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

People's Spring
People's Spring

ဧရာဝတီတိုင်း ကနောင်မြို့တွင် စစ်ကောင်စီနောက်လိုက် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက် တိုက်ခိုက်ခဲ့သည်။

ယနေ့(ဇွန် ၂၉ရက်) နံနက် ၉နာရီခန့်တွင် ကနောင်မြို့၊အမှတ်(၂)ရပ်ကွက်အတွင်း သွားလာနေသည့် ရဲတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)က ထုတ်ပြန်သည်။

ထို့နောက် ကနောင်ရဲစခန်းရှေ့မှ ရဲတစ်ဦးကို လက်ပစ်ဗုံးဖြင့်ပစ်ရန် ပြင်ဆင်နေချိန် ရဲမိသားစုဝင်တစ်ဦးက မြင်သွား၍ ဆုတ်ခွာခဲ့စဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

“ဆိုင်ကယ်နဲ့ သွားရင်းကနေ Mission ကိုအကောင် အထည်ဖော်တာ။ အခက်အခဲတွေတော့ ရှိခဲ့တယ်။ပြည်သူ့ရဲဘော်တွေလည်း အန္တရာယ်ကင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလော​ဒေသတွင်း အခြေအနေနှင့်ပတ်သက်၍ လူထုထံ သတိပေးချက်တစ်ခုကိုလည်း နဂါးနီတော်လှန် ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူလူထုများအနေဖြင့် ယနေ့မှစ၍ မည်သည့်စစ်ကောင်စီစခန်း၊ဌာနများအနီးမနေရန်နှင့် မည်သည့်နေရာမှမဆို ပေါက်ကွဲသံ၊ပစ်ခတ်သံများ ထွက်ပေါ်လာပါက စူးစမ်းလိုစိတ်ဖြင့် ထွက်လာကြည့်ခြင်း၊စုံစမ်းကြည့်ရှုရန် စုဝေးရောက်ရှိလာခြင်းများ (နောက်ဆက်တွဲများပေါက်ကွဲပါက ထိခိုက်မည်ဟုစိုးရိမ်ပါ၍)ရှောင်ရှားကြပါရန်နှင့်‌ တော်လှန်ရေးအဖွဲ့ဝင်ရဲဘော်များအား တွေ့ရှိပါက တတ်နိုင်သမျှကူညီပေးကြပါရန်အထူး(အထူး) မေတ္တာရပ်ခံအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် ဇွန်လဆန်းပိုင်းကစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီကို တိုက်ခိုက်မှု အရှိန်မြင့်လာသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook