Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှထွက်လာသော စစ်ကောင်စီတပ်၏ (၁၂)ဘီးယာဥ်ကို ပစ်မိုင်း ၁၃လုံးဖြင့်တိုက်ခိုက်၊ အများအပြားထိခိုက်သေဆုံးနိုင်ဟုဆို

ပြီးခဲ့သည့် ဇွန် ၂၄ ရက်ကလည်း ချောင်းဦးမြို့ နယ်အရှေ့ခြမ်းတစ်နေရာတွင် စစ်ကောင်စီတပ်များကားချိန်းနေစဥ် ညီနောင်မဟာမိတ်အဖွဲ့များက အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးခဲ့ဖူးသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)
(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ချောင်းဦးမြို့မှထွက်လာသော အင်အားအများပါစစ်ကောင်စီတပ်၏ ၁၂ ဘီးယာဥ်တစ်စီးကို ညီနောင်မဟာ မိတ်အဖွဲ့များနှင့် ပူးပေါင်းပြီး ပစ်မိုင်း ၁၃လုံးဖြင့် တိုက် ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF (CHU)က ယနေ့(ဇူလိုင် ၁)ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီ ၅၀ခန့်က ချောင်းဦး-မြင်းမူ ကားလမ်းပိုင်း၊ ဂွေးပင်တောကျေးရွာအနီးတွင် စစ်​ကောင်စီတပ်သားအင်အားအပြည့်တင်လာသော (၁၂)ဘီးခေါင်းပြာတစ်စီးကို Farmers Revolution Force FRF (CHU)တပ်ရင်းမှ ဦးဆောင်ပြီး မြောင်မြို့နယ်တော်လှန် ရေးတပ် (MRA)၊ Myaung PDF CDSOM၊ Zarmini MMU (စစ်ကိုင်းတပ်ရင်း-၁) ညီနောင်မဟာ မိတ်တို့မှ ပစ်မိုင်း(၁၃)လုံးဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ချောင်းဦးဘက်ကနေ ထွက်သွားတဲ့ဟာကို ဆွဲလိုက်တယ်ပေါ့။ သူက ၁၂ ဘီးကားနဲ့ အင်အားများတယ်ဗျ။ အကောင်ရေကတော့ အခုကျွန်တော်တို့ စာတွေစီပြီးတော့ စိစစ်နေတုန်းပဲ။ အတိအကျလုပ်ရတာပေါ့။ အဲတော့ စာရင်းအတိအကျရဖို့ နည်းနည်းစောင့်ရဦးမယ်။ အရေအတွက်များတယ်လို့ပဲ ပြောနိုင်သေးတယ်”ဟု FRF(CHU)မှ ရဲဘော်တစ်ဦးက ပြောသည်။

မဟာမိတ်ညီနောင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၁၂ ဘီးယာဥ်မှာထိုးရပ်သွားပြီး စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးနိုင်ကြောင်း ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇွန် ၂၄ ရက်ကလည်း ချောင်းဦးမြို့ နယ်အရှေ့ခြမ်းတစ်နေရာတွင် စစ်ကောင်စီတပ်များကားချိန်းနေစဥ် ညီနောင်မဟာမိတ်အဖွဲ့များက အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook