Connect with us

Hi, what are you looking for?

သတင်း

ကလေးများအပေါ် ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးလုပ်ဆောင်ရန် နိုင်ငံတကာကို NUG တောင်းဆို

NUG သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ၎င်း၏နောက်ဆက်တွဲ စာချုပ်အပါအဝင် နိုင်ငံတကာဥပဒေပါ တာဝန်၀တ္တရားများနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန် ကတိပြုကြောင်း ကြေညာသည်။

(ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် ဇွန်လ၂၈ရက်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ကလေးငယ်များအပါအဝင် ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် ဇွန်လ၂၈ရက်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ကလေးငယ်များအပါအဝင် ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးကော်မတီ၏ ကြေညာချက်ကို ကြိုဆို

ကလေးများအပေါ် ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများကို ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန်လုပ်ဆောင်ကြရမည်ဟု နိုင်ငံတကာအသိုင်းအဝန်းကို NUG က တောင်းဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးကော်မတီ၏ ကြေညာချက်အပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း ထုတ်ပြန်စဉ် တောင်းဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရပိုင်ခွင့်များကို လေးစားကာကွယ်ရမည်ဖြစ်ပြီး ကလေးသူငယ်များကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းက လျင်မြန်စွာအရေးယူဆောင်ရွက်ရန် NUGက တိုက်တွန်းသည်။

ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးကော်မတီ၏ ကြေညာချက်သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာထုတ်ပြန်အပြီး တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အထူးအစီရင်ခံစာတင်သွင်းသူက “ကလေးငယ်များအပေါ် မညှာမတာ တိုက်ခိုက်မှုများသည် စစ်အာဏာရှင်တို့၏ အလွန်ဆိုးညစ်သော ယုတ်မာမှုနှင့် မြန်မာပြည်သူတို့အား ၎င်းတို့၏ လက် အောက်သို့ သွတ်သွင်းနိုင်ရန်အတွက် အပြစ်မဲ့ပြည်သူတို့အား ကြီးမားလှသော ဆင်းရဲဒုက္ခနှင့် ဆင်းရဲပင်ပန်းမှုတို့ခံစားရအောင် ကျူးလွန်ရန် ဆန္ဒရှိနေမှုတို့အား ထင်ရှားပေါ်လွင်စေသည်” ဟု ပြောသည်။

စစ်အုပ်စု၏ ကလေးများအပေါ် ရက်စက်ယုတ်မာစွာ ကျူးလွန်မှုများထဲတွင် ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊ လက်သည်းနှင့် သွားများကို ဆွဲနှုတ်ခြင်း၊ ဓားဖြင့်ထိုးခြင်းနှင့် မီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ သေဒဏ်စီရင်မည်ဟု ကြေညာခြင်း၊ အစာနှင့် ရေဖြတ်တောက်ခြင်းနှင့် ဆေးကုသခွင့်မပေးခြင်းတို့ ပါဝင်သည်။

NUG သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ၎င်း၏နောက်ဆက်တွဲ စာချုပ်အပါအဝင် နိုင်ငံတကာဥပဒေပါ တာဝန်၀တ္တရားများနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန် ကတိပြုကြောင်း ကြေညာသည်။

စစ်တပ်သည် တရားမဝင်အာဏာသိမ်းပြီးနောက် ကလေးသူငယ် အနည်းဆုံး ၁၄၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁,၄၀၀ ကျော်ကို တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အသက် ၃ နှစ်အောက် ကလေးငယ်အများအပြားအပါအဝင် အနည်းဆုံး ၆၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျောင်းထွက်ခဲ့ရသည့် ကလေးသူငယ် အရေအတွက်သည် ၇.၈ သန်းရှိနေကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ