Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်ရှိ ဆပ်ပြာကျင်းရွာကို စစ်ကောင်စီက တိုက်လေယာဥ်နှစ်စင်းဖြင့် ပစ်ခတ်

ဆပ်ပြာကျင်း၊အုန်းတင်နှင့်အက်ပုတ်ကျေးရွာပတ်ဝန်း ကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ညနေ ၅နာရီခန့်တွင် ပစ်ခတ်သွားခြင်းဖြစ်သည်။ မြေပြင်မှ စစ်ကြောင်းထိုးလာမည်စိုး၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(၂၀၂၁ ဇူလိုင် ၂ ရက်က စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်နေ၍ ထွက်ပြေးနေရသည့် ဆပ်ပြာကျင်းဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ ဇူလိုင် ၂ ရက်က စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်နေ၍ ထွက်ပြေးနေရသည့် ဆပ်ပြာကျင်းဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ဆပ်ပြာကျင်းကျေးရွာနှင့်ပတ်ဝန်းကျင်ကို စစ်ကောင်စီက တိုက်လေယာဥ်နှစ်စင်းဖြင့် တရစပ်ပစ်ခတ်သွားကြောင်း ယနေ့(ဇူလိုင် ၂ရက်)အခြေအနေကို ဒီပဲယင်းအခြေစိုက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

“ဘာတိုက်ပွဲမှ မဖြစ်ဘဲ အကြောင်းမဲ့ပစ်သွားတာ။ Mi 35 နဲ့ ပတ်ပစ်သွားတာ။ အရပ်သားထိခိုက်မှု ရှိ၊မရှိတော့ မသိရသေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဆပ်ပြာကျင်း၊အုန်းတင်နှင့်အက်ပုတ်ကျေးရွာပတ်ဝန်း ကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ညနေ ၅နာရီခန့်တွင် ပစ်ခတ်သွားခြင်းဖြစ်သည်။ မြေပြင်မှ စစ်ကြောင်းထိုးလာမည်စိုး၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဒီပဲယင်းနယ်တွင် ယခုရက်ပိုင်း တိုက်ပွဲမဖြစ်ဘဲ ယခုကဲ့ သို့ လေကြောင်းမှ လာတိုက်ခိုက်မှုသည် သတ္တိကြောင်သောလုပ်ရပ်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆပ်ပြာကျင်းကျေးရွာသည် စစ်ကောင်စီအား လက်နက် ကိုင်ခုခံရာတွင် နာမည်ကြီးသည့် ရွာဖြစ်သည်။

ယမန်နှစ်(၂၀၂၁) ဇူလိုင် ၂ ရက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ နွေဦးတော်လှန်ရေးကာလအစ ယင်းအချိန်က စစ်ကောင်စီ၏ လက်နက်အင်အားအသာဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ပြည်သူကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၄၀ဦးသေဆုံးခဲ့ရသည့် ရွာဖြစ်သည်။

” မသေသေးဘဲနဲ့ ခြေထောက်ကို ပထမ သေနတ်မှန်တယ်။မပြေးနိုင်မလွှားနိုင် ဖြစ်သွားတဲ့သူကို သူတို့က အလုံးအရင်းနဲ့ဖမ်း၊ ဖမ်းပြီးတော့မှ အဲ့လိုမျိုးလူတွေကို စုပြီးတော့ ခေါင်းမှာချည်းပဲ တေ့ပစ်သွားတာ။ တချို့ဆိုရင် ခေါင်းတွေနောက်စေ့မှာ ပွင့်ထွက်သွားတာတွေတို့ အစုလိုက်အပြုံလိုက် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့မှ ပစ်သွားတာ”ဟု၂၀၂၁ ဇူလိုင် ၂ရက်က ဆပ်ပြာကျင်းရွာအား စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်ကို ဒေသခံတစ်ဦးက Myanmar Now သတင်းဌာနသို့ ပြောပြခဲ့သည်။

ဒီပဲယင်းမြို့သည် ယခုအခါ စစ်ကောင်စီအုပ်ချုပ်၍ မရတော့ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်များကို ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကနေ့စဥ်နေ့တိုင်း ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook