Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် တပ်အပြောင်းအလဲနှုတ်ဆက်ပွဲမှပြန်လာသည့် စစ်​ကောင်စီ၏ စက်လှေတစ်စီးအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ လေးဦးသေ

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။

(ဇွန်လ၁၃ရက်က အကြမ်းဖက်စစ်တပ်ရေယာဥ်တစ်စီးအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်။)
(ဇွန်လ၁၃ရက်က အကြမ်းဖက်စစ်တပ်ရေယာဥ်တစ်စီးအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်။)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီ၏ တပ်အပြောင်းအလဲနှုတ်ဆက်ပွဲမှပြန်လာသည့် စက်လှေတစ်စီးအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သားလေးဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၃ ရက်) မွန်းလွဲ ၁နာရီ၄၅မိနစ်ခန့်က မြင်းခြံမြို့နယ်၊ ရန္တပိုရွာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က တပ်အပြောင်းအလဲ နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်သားအချို့သည် ထိုနှုတ်ဆက်ပွဲမှ ကိုင်းကျေးရွာသို့ စက်လှေဖြင့် ပြန်လာစဥ် စက်လှေပေါ်မှ ဆင်းမည်အပြု အကြမ်းဖက်စစ်သား ၆ ဦးအား မဟာမိတ်ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့ကြောင်း CDSOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးတွင် စစ်သား ၆ဦးအနက် ၄ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးရင်း နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု CDSOMက ဆိုသည်။

Public Service Announcement

Public Service Announcement

တပ်အပြောင်းအလဲနှုတ်ဆက်ပွဲဟုခေါ်သော တည်နေရာသို့ ဒရုန်းစစ်ဆင်ရေး ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း စစ်တပ်က အပြစ်မဲ့ပြည်သူများဖြစ်သည့် ရွာသားများအား တစ်အိမ်တစ်ယောက် မလာမနေရဟု အတင်းအဓမ္မ ခေါ်ယူထားခြင်းကြောင့် ပြည်သူများ ထိခိုက်မည်ကိုမလိုလားသည့်အတွက် မူလအစီအစဉ်ကို ပယ်ဖျက်ခဲ့သည်ဟု CDSOM၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်သားများ သီးသန့်ရှိနေသောအချိန်ကိုသာ စောင့်ဆိုင်းပြုလုပ်ခဲ့ရသောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှု အရေအတွက် မျှော်မှန်းသည်ထက် လျော့နည်းခဲ့သည်ဟု CDSOMက အသိပေးသည်။

“သူတို့က ဒီနေ့မှာ လူစုလူဝေးနဲ့ တပ်အပြောင်းအလဲကို ကျင်းပဖို့ပြင်ဆင်နေကြတာကို ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းရွေ့လျားလှုပ်ရှားရေးအဖွဲ့အနေနဲ့ သတင်းရထားတော့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ စကစအကြမ်းဖက်သမားတွေကို အများဆုံး ချေမှုန်းနိုင်မယ်လို့ တွက်ဆထားတာဗျာ။ အဲ့အချိန်မှာ စကစအကြမ်းဖက်သမားတွေ လူသားဒိုင်းအဖြစ် ပြည်သူတွေကို ခေါ်သွင်းထားတော့ ကျင်းပတဲ့နေရာမှာ မလုပ်ဆောင်နိုင်ခဲ့ဘဲ ွေးတွေ ခွဲထွက်သွားချိန်မှ စစ်ဆင်ရေး လုပ်လိုက်ရတော့ မှန်းချက်ထက်တော့ လျော့သွားတာပေါ့ဗျာ။”ဟု CDSOM အဖွဲ့ တာဝန်ရှိသူကပြောသည်။

အထက်ပါ ဒရုန်းစစ်ဆင်ရေးအား CDSOM ၏ Drone Team၊ Young Fighter People’s Defence Force of Myaung၊ Shwe – Ao Revolution Force၊ MGN Ranger (မြင်းခြံခရိုင်တပ်ရင်း ၂)၊ Chaung U Revolution Army ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် ခွဲ ၂ နှင့် People Defense Force Taloke (မြင်းခြံခရိုင် တပ်ရင်း ၂) စသည့် ညီနောင်မဟာမိတ်အဖွဲ့ (၆) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။