Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့နယ်တွင် တပ်အပြောင်းအလဲနှုတ်ဆက်ပွဲမှပြန်လာသည့် စစ်​ကောင်စီ၏ စက်လှေတစ်စီးအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ လေးဦးသေ

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။

(ဇွန်လ၁၃ရက်က အကြမ်းဖက်စစ်တပ်ရေယာဥ်တစ်စီးအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်။)
(ဇွန်လ၁၃ရက်က အကြမ်းဖက်စစ်တပ်ရေယာဥ်တစ်စီးအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်။)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီ၏ တပ်အပြောင်းအလဲနှုတ်ဆက်ပွဲမှပြန်လာသည့် စက်လှေတစ်စီးအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သားလေးဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၃ ရက်) မွန်းလွဲ ၁နာရီ၄၅မိနစ်ခန့်က မြင်းခြံမြို့နယ်၊ ရန္တပိုရွာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က တပ်အပြောင်းအလဲ နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်သားအချို့သည် ထိုနှုတ်ဆက်ပွဲမှ ကိုင်းကျေးရွာသို့ စက်လှေဖြင့် ပြန်လာစဥ် စက်လှေပေါ်မှ ဆင်းမည်အပြု အကြမ်းဖက်စစ်သား ၆ ဦးအား မဟာမိတ်ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့ကြောင်း CDSOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးတွင် စစ်သား ၆ဦးအနက် ၄ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးရင်း နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု CDSOMက ဆိုသည်။

Public Service Announcement

Public Service Announcement

တပ်အပြောင်းအလဲနှုတ်ဆက်ပွဲဟုခေါ်သော တည်နေရာသို့ ဒရုန်းစစ်ဆင်ရေး ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း စစ်တပ်က အပြစ်မဲ့ပြည်သူများဖြစ်သည့် ရွာသားများအား တစ်အိမ်တစ်ယောက် မလာမနေရဟု အတင်းအဓမ္မ ခေါ်ယူထားခြင်းကြောင့် ပြည်သူများ ထိခိုက်မည်ကိုမလိုလားသည့်အတွက် မူလအစီအစဉ်ကို ပယ်ဖျက်ခဲ့သည်ဟု CDSOM၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်သားများ သီးသန့်ရှိနေသောအချိန်ကိုသာ စောင့်ဆိုင်းပြုလုပ်ခဲ့ရသောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှု အရေအတွက် မျှော်မှန်းသည်ထက် လျော့နည်းခဲ့သည်ဟု CDSOMက အသိပေးသည်။

“သူတို့က ဒီနေ့မှာ လူစုလူဝေးနဲ့ တပ်အပြောင်းအလဲကို ကျင်းပဖို့ပြင်ဆင်နေကြတာကို ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းရွေ့လျားလှုပ်ရှားရေးအဖွဲ့အနေနဲ့ သတင်းရထားတော့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ စကစအကြမ်းဖက်သမားတွေကို အများဆုံး ချေမှုန်းနိုင်မယ်လို့ တွက်ဆထားတာဗျာ။ အဲ့အချိန်မှာ စကစအကြမ်းဖက်သမားတွေ လူသားဒိုင်းအဖြစ် ပြည်သူတွေကို ခေါ်သွင်းထားတော့ ကျင်းပတဲ့နေရာမှာ မလုပ်ဆောင်နိုင်ခဲ့ဘဲ ွေးတွေ ခွဲထွက်သွားချိန်မှ စစ်ဆင်ရေး လုပ်လိုက်ရတော့ မှန်းချက်ထက်တော့ လျော့သွားတာပေါ့ဗျာ။”ဟု CDSOM အဖွဲ့ တာဝန်ရှိသူကပြောသည်။

အထက်ပါ ဒရုန်းစစ်ဆင်ရေးအား CDSOM ၏ Drone Team၊ Young Fighter People’s Defence Force of Myaung၊ Shwe – Ao Revolution Force၊ MGN Ranger (မြင်းခြံခရိုင်တပ်ရင်း ၂)၊ Chaung U Revolution Army ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် ခွဲ ၂ နှင့် People Defense Force Taloke (မြင်းခြံခရိုင် တပ်ရင်း ၂) စသည့် ညီနောင်မဟာမိတ်အဖွဲ့ (၆) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။