Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် NUG လမ်းညွှန်ချက်ဖြင့် အခြေခံမီးသတ်သင်တန်း​ပေး

အခြေခံမီးသတ်သင်တန်း အပတ်စဉ် (၁)ကို ယခုနှစ် ဧပြီက ဖွင့်လှစ်ခဲ့၍ ယင်းသင်တန်းကို (၁၅)ရက်ကြာ သင်တန်းပေးခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၇) ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ဦး တက်ရောက်ခဲ့သည်။

ဓာတ်ပုံ - ကနီမြို့နယ်သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လမ်းညွှန်ချက်များနှင့်အညီ CDM မီးသတ်ဝန်ထမ်းများ ပူးပေါင်း၍ အခြေခံမီးသတ်သင်တန်းများ ​ပေးနေကြောင်း သိရသည်။

အခြေခံမီးသတ်သင်တန်း အပတ်စဉ် (၁)ကို ယခုနှစ် ဧပြီက ဖွင့်လှစ်ခဲ့၍ ယင်းသင်တန်းကို (၁၅)ရက်ကြာ သင်တန်းပေးခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၇) ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ဦး တက်ရောက်ခဲ့သည်။

သင်တန်း၌ အခြေခံမီးငြိမ်းသတ်နည်းများ၊ စက်ကြီး၊စက်ကလေးသင်ခန်းစာများနှင့် မီးသတ်စစ်ရေးပြခြင်းများကို သင်ကြားပြသခဲ့ကြောင်း ၊ ဆက်လက်၍ NUG အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ အခြေခံမီးသတ်သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်မြေမငြိမ်သက်မှု စစ်ရေးအခြေအနေအရ အခြေခံ မီးသတ်သင်တန်းအပတ်စဥ် (၂)ဆက်လက်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်း ကနီမြို့နယ် CDM မီးသတ်တာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။