Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင် NUG လမ်းညွှန်ချက်ဖြင့် အခြေခံမီးသတ်သင်တန်း​ပေး

အခြေခံမီးသတ်သင်တန်း အပတ်စဉ် (၁)ကို ယခုနှစ် ဧပြီက ဖွင့်လှစ်ခဲ့၍ ယင်းသင်တန်းကို (၁၅)ရက်ကြာ သင်တန်းပေးခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၇) ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ဦး တက်ရောက်ခဲ့သည်။

ဓာတ်ပုံ - ကနီမြို့နယ်သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လမ်းညွှန်ချက်များနှင့်အညီ CDM မီးသတ်ဝန်ထမ်းများ ပူးပေါင်း၍ အခြေခံမီးသတ်သင်တန်းများ ​ပေးနေကြောင်း သိရသည်။

အခြေခံမီးသတ်သင်တန်း အပတ်စဉ် (၁)ကို ယခုနှစ် ဧပြီက ဖွင့်လှစ်ခဲ့၍ ယင်းသင်တန်းကို (၁၅)ရက်ကြာ သင်တန်းပေးခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၇) ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ဦး တက်ရောက်ခဲ့သည်။

သင်တန်း၌ အခြေခံမီးငြိမ်းသတ်နည်းများ၊ စက်ကြီး၊စက်ကလေးသင်ခန်းစာများနှင့် မီးသတ်စစ်ရေးပြခြင်းများကို သင်ကြားပြသခဲ့ကြောင်း ၊ ဆက်လက်၍ NUG အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ အခြေခံမီးသတ်သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်မြေမငြိမ်သက်မှု စစ်ရေးအခြေအနေအရ အခြေခံ မီးသတ်သင်တန်းအပတ်စဥ် (၂)ဆက်လက်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်း ကနီမြို့နယ် CDM မီးသတ်တာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။