Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်PDF (၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များကို ခေတ္တအိမ်ပြန်နှုတ်ဆက်ခွင့်ပေး

အရေးတော်ပုံအောင်မှ အိမ်အပြီးပြန်မည်ဟုဆုံးဖြတ်ထားသည့် ရဲဘော်များသည် နာရီပိုင်းသာ အိမ်မှာနေကြ၊ နှုတ်ဆက်ကြ၊ ကန်တော့ကြ၊ ဆုတောင်းကြပြီး တစ်ခါ ရှေ့တန်းသို့ ပြန်ထွက်ခွာလာကြပြီး မိဘများမှာ သား၊သမီးများ၏ ကျောပြင်ကိုကြည့်ရင်း အိမ်မှာ ကျန်ရစ်ခဲ့ကြပြန်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - လွိုင်ကော်PDF
ဓာတ်ပုံ - လွိုင်ကော်PDF

▪️ရဲဘော်တစ်ဦးလျှင် ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ခေါက်ဆွဲခြောက် တစ်ဖာထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ် – လွိုင်ကော် (၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များကို ခေတ္တအိမ်ပြန်နှုတ်ဆက်ခွင့်ပေးခဲ့ကြောင်း ယနေ့(ဇူလိုင် ၅) အသိပေးထုတ်ပြန်သည်။

အဆိုပါ အိမ်ပြန်နှုတ်ဆက်ခရီးတွင် ရဲဘော်တစ်ဦးလျှင် ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ခေါက်ဆွဲခြောက်တစ်ဖာတို့အား မိသားစုထံ ထောက်ပံ့ပေးခဲ့သည်ဟု ဖော်ပြသည်။

“တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ တာဝန်ထမ်းဆောင်ဆဲစတဲ့ ရဲဘော်များအားလုံးရဲ့ မိသားစုများအားလုံးကို ကူညီပံ့ပိုးခဲ့တာဖြစ်ပြီး အိမ်မပြန်ရတာ ကြာပြီဖြစ်တဲ့ ရဲဘော်များကိုလည်း ပစ္စည်းတွေပို့ရင်း အိမ်ပြန်လို့မိဘတွေကို ပြန်နှုတ်ဆက်ခွင့်ပေးခဲ့ပါတယ်”ဟု လွိုင်ကော် PDF က ပြောသည်။

ဆက်လက်၍ “အိမ်မရောက်တာ ကြာပြီဖြစ်တဲ့ ရဲဘော်တွေဟာ သူတို့အိမ်ရိပ်ကို ခဏခိုလှုံခွင့်ရခဲ့ကြတယ်။ ချစ်တဲ့ မိသားစုတွေနဲ့ ခဏတာ ပြန်ဆုံဖြစ်ကြတယ်။ အမေ၊အဖေ ရဲ့ ရင်ခွင်ထဲခဏလေး ပြန်ရောက်ကြတဲ့ ရင်သွေးငယ်တွေ ပြန်ဖြစ်ခဲ့ကြတယ်။ ရဲဘော်တချို့ဆို အသက် ၁၈ နှစ်၊ ၁၉ နှစ် ပဲ ရှိသေးတယ်မဟုတ်လား”ဟု ထိုအဖွဲ့က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - လွိုင်ကော်PDF
ဓာတ်ပုံ – လွိုင်ကော်PDF

အချို့ရဲဘော်များသည် မိဘများကို ဆန်၊ဆီ များ ဖြင့်ကန်တော့ကြပြီး အချို့ရဲဘော်များမှာ စစ်ရှောင်စခန်းများအတွက် ပြန်လှူပေးကြသည်ဟု ဆိုသည်။

အရေးတော်ပုံအောင်မှ အိမ်အပြီးပြန်မည်ဟုဆုံးဖြတ်ထားသည့် ရဲဘော်များသည် နာရီပိုင်းသာ အိမ်မှာနေကြ၊ နှုတ်ဆက်ကြ၊ ကန်တော့ကြ၊ ဆုတောင်းကြပြီး တစ်ခါ ရှေ့တန်းသို့ ပြန်ထွက်ခွာလာကြပြီး မိဘများမှာ သား၊သမီးများ၏ ကျောပြင်ကိုကြည့်ရင်း အိမ်မှာ ကျန်ရစ်ခဲ့ကြပြန်သည်ဟု ဖော်ပြထားသည်။

“လွိုင်ကော် PDF ဟာ တကယ်တော့ ၁၈.၅.၂၂ နေ့မှာ တစ်နှစ်ပြည့်တာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုချိန်မှ အခုအစီစဉ်ကို ပြန်လည်အကောင်အထည် ဖော်နိုင်ခြင်း ဖြစ်ပါတယ်”ဟု အသိပေးသည်။

လွိုင်ကော် PDF (၁)နှစ်ပြည့်အတွက် ဆုတောင်းပေးကြ၊ စာလွှာပေးပို့ကြသော လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးတင်ကြောင်းနှင့် ပြည်သူများအားလုံးလည်း ကိုယ်စိတ် ကျန်းမာခြင်းကိုလည်း ဂရုပြုကြရင်း တော်လှန်ရေးအတွက် ရှေးရှုကာ တစ်လုံးတစ်စည်းတည်း တညီတညွှတ်တည်း အတူတိုက်ပွဲဝင်ကြရန် လွိုင်ကော် PDFက မေတ္တာရပ်ခံ ဆော်ဩထားသည်။

ခွင့်ရ၍ အိမ်ခဏပြန်PDF တပ်ဖွဲ့ဝင်များသည် ယခုအခါတပ်ရင်းသို့ပြန်​ရောက်​နေကြပြီဖြစ်ပြီး လုံခြုံ​ရေးအတွက် ၎င်းတို့ပြန်​ရောက်ပြီးမှ အချိန်ကာလတစ်ခုခြား၍ သတင်းထုတ်ပြန်​ပေးခြင်းဖြစ်​ကြောင်း လွိုင်​ကော်PDF က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။