Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ် ရှင်မတောင်အနီး စစ်ကောင်စီတပ်ယာဥ်တစ်စီးကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေ

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးကို မဟာမိတ်ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Yesagyo-PDF က ယနေ့(ဇူလိုင် ၆)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီကျော်က ရေစကြိုမြို့နယ် ရှင်မတောင် တောင်ခြေနှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့လာသော ခလရ(၂၅၈)မှ စစ်ကောင်စီတပ် ယာဥ်တစ်စီးအား ထန်းတိုကျေးရွာနှင့် ချင်းယားကုန်းကျေးရွာကြား မိုင်း​လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခုနစ်ဦးအပြင်းအထန် ဒဏ်ရာရသွားသည်ဟု အသိပေးသည်။

“ကားပါ ရစရာမရှိအောင် စုတ်ပျတ်သွားသဖြင့် အ​ခြားကားတစ်စီးရဲ့နောက်ကနေ ကြိုးနဲ့ဆွဲပြီး သံရည်ကြိုစက်သို့ ပို့လိုက်ရပါသည်”ဟု Yesagyo-PDF က ဆိုသည်။

Public Service Announcement

Public Service Announcement

မရှုမလှ အသက်ပျောက်သွားသည့် စစ်သားအလောင်းများကြားမှပင် ဘေးပတ်ဝန်းကျင်များသို့ (၄၀) မမဖြင့် ရှစ်ချက်၊ (၆၀) မမဖြင့်သုံးချက် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးရဲဘော်များ ဘေးကင်းလုံခြုံရာသို့ အထိခိုက်မရှိ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။