Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖမ်းသွားသည့် ဘီးလင်း NLDအမတ် ဦးကျော်မျိုးမင်းကို သေဆုံးလျက်ပြန်တွေ့

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က ဖော်ပြထားပါတယ်။

ဘီးလင်း NLDအမတ် ဦးကျော်မျိုးမင်း
ဘီးလင်း NLDအမတ် ဦးကျော်မျိုးမင်း

ဘီးလင်းမြို့နယ် ပေါ်ခီးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း ကျဆုံးသွားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဖော်ပြထားသည်။

ဇွန်လ ၂၂ရက်က ဘီးလင်းမြို့နယ် ပေါ်ခီးရွာအနီး၌ ဦးကျော်မျိုးမင်း အပါအဝင် ၄ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦး သေဆုံးသွားပြီး ဦးကျော်မျိုးမင်ပါ သုံးဦးကို ဖမ်းဆီးသွားပြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ တစ်ဦးအဖြစ်ထာဝရ ဦးညွတ်လိုက်ပါတယ် အစ်ကို။ ထောင်ထဲမှာတုန်းကလည်း အတူဖြတ်သန်းခဲ့ကြရတယ်။ ပါတီမှာလည်း တာဝန်ကိုယ်စီနဲ့ ဖြတ်သန်းခဲ့ကြတယ်။ တော်လှန် ရေးမှာလည်း ကိုယ်စီတာဝန်တွေနဲ့အတူဖြတ်သန်းခဲ့ကြတယ်။ အဆုံးထိ ဆက်ပြီး တာဝန်ကျေအောင်ဆက်ပြီး ထမ်းဆောင်ပါမယ် လို့ ထပ်လောင်း ပြောကြားပါတယ်။ နောက်ဆံမငင်ပဲ စိတ်ချယုံကြည်စွာနဲ့သန့်စင်‌တဲ့ စိတ်ထားနဲ့ လွတ်လပ်အေးချမ်းရာနေရာကို သင် သွားလိုရာ သွားနိုင်ပါပြီ။ ကိုကျော်မျိုးမင်း ကောင်းရာသုဂတိလားပါစေ”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ရေးသားထားသည်။

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook