Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

Suzuki နှင့် Hyundai ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်မှုရပ်ဆိုင်း၊ ကား​ဈေးများတက်

ကိုရီးယား Hyundaiကား ကုမ္ပဏီကမြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်တွင်စတင်ဝင်ရောက်ခဲ့ပြီးပြည်တွင်းဈေးကွက်အတွက် Accent ၊ Sonata ၊ Reina ၊ Creta ၊ Tuscon စသည့် ကားအမျိုးအစားကို ထုတ်လုပ်နေခြင်းဖြစ်သည်။

ရန်ကုန်သီလဝါရှိ Suzuki ကားတပ်ဆင်ထုတ်လုပ်​သောစက်ရုံ။ ဓါတ်ပုံ-Nikkei Asia
ရန်ကုန်သီလဝါရှိ Suzuki ကားတပ်ဆင်ထုတ်လုပ်​သောစက်ရုံ။ ဓါတ်ပုံ-Nikkei Asia

စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင် ပြည်ပမှကားပစ္စည်းတင်သွင်းပြီး ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်​နေ​သော Suzuki နှင့် Hyundai ကားကုမ္ပဏီနှစ်ခုရပ်ဆိုင်းသွားပြီဖြစ်သည်။

ဂျပန်ကားကုမ္ပဏီ Suzuki သည် ပြည်ပမှကားပစ္စည်းများကို​ဒေါ်လာဖြင့်ဝယ်ယူရန် စစ်​ကောင်စီ၏ နိုင်ငံခြား​ငွေကန့်သတ်ထား​​သောမူဝါဒ​ကြောင့် အခက်​တွေ့ပြီးကားတပ်ဆင်ထုတ်လုပ်မှု ရပ်ဆိုင်းရခြင်းဖြစ်​သလို ၊ကိုရီးယားကားကုမ္ပဏီ Hyundai ကိုလည်း ​ စစ်ကောင်စီဘက်က ထုတ်လုပ်ခွင့်ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီများဘက်ကအတည်ပြုထုတ်ပြန်ထားသည်။ သို့​​သော်ကားထုတ်လုပ်မှုမှာ ယာယီရက်ဆိုင်းခြင်းလား ၊ကာလရှည်ရပ်ဆိုင်းခြင်းလား ဆိုသည်ကိုမူ ကုမ္ပဏီများက ထုတ်ပြန်ခြင်းမရှိ​​သေး​ပေ။

ဂျပန် Suzukiကုမ္ပဏီကဇူလိုင် ၁ ရက်မှစ၍ကားတပ်ဆင်ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်​ကြောင်းကုမ္ပဏီဘက်က အတည်ပြုထားသည်။ ထိုကားကုမ္ပဏီ နှစ်ခုလုံးကပြည်တွင်းမှာ (Semi Knocked Down-SKD)ကားပစ္စည်းများတင်သွင်း၍ တက်ဆင်ထုတ်လုပ်​သောစနစ်ဖြင့် ပြည်တွင်းမှာ ကားတပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်သည်။ပြည်ပမှအဓိကတင်သွင်း​ရောင်းချ​ကြသောတစ်ပါတ်ရစ်ကားနှင့်ဈေးသိပ်မကွာသလို ၊ ၀ ကီလို ကားအသစ်စီးရခြင်း၊ ဒီဇိုင်းလှခြင်း၊အရစ်ကျ​ငွေ​ချေစနစ်တို့ဖြင့်ဝယ်ရခြင်းစသည်တို့​ကြောင့် Suzuki နှင့် Hyundai ထုတ်ကား​မော်ဒယ်လ်အချို့မှာ ပြည်တွင်း​ဈေးကွက်တွင် ဝယ်ယူသူများခဲ့သည်။

Hyundai ကားအ​ရောင်းပြခန်းတစ်ခု
Hyundai ကားအ​ရောင်းပြခန်းတစ်ခု

သို့​သော် ယခုအခါကားထုတ်လုပ်မှုရပ်ဆိုင်းခြင်းကြောင့် ပြည်တွင်းကားဈေးကွက်တွင် SKD ကားများ တရှိန်ထိုး ဈေးမြှင့်တက်သွားခဲ့သည်ဟု ကားဝယ်အရောင်းအဝယ်သမားကပြောသည်။

Public Service Announcement

Public Service Announcement

“ဒီကားစက်ရုံတွေ ပိတ်တာကို ကြိုတင်သတင်းရတဲ့သူက ကားတွေကိုလိုက်ဝယ်ထားတယ်။ အခုတော့ ကားဈေးက ၂၀၁၀ခုနှစ် ရှေ့ပိုင်းကလို မတန်တဆဈေးတွေဖြစ်ကုန်ပြီ”ဟု ကားအရောင်းအဝယ်သမားတစ်ဦးက ပြောသည်။

Suzuki ကားကုမ္ပဏီကမြန်မာနိုင်ငံကို ၂၀၁၅ခုနှစ်တွင် ဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ်တွင် ကားထုတ်လုပ်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကားစက်ရုံများ ရပ်နားသည့် သတင်းကြောင့်ပုံမှန်ကျပ် သိန်း ၄၀၀ ကျော်ရှိသည့် Ertiga အမျိုးအစားကားများသည် ကျပ် သိန်း ၆၀၀ အထက်သို့ရောက်ရှိသွားသည်ဟု ကားအရောင်းအဝယ်သမားထံမှသိရသည်။Hyundai ကထုတ်လုပ်​သော Accent ကားမှာလည်းသိန်းတစ်ရာ ဝန်းကျင်​ဈေးတက်သွား​ကြောင်းကားဝယ်​ရောင်းများက​ပြောသည်။

Suzukiက မြန်မာနိုင်ငံတွင် Ertiga, Ciaz, Swift နှင့် Carry Light Truckအမျိုးအစားများကို ထုတ်လုပ်နေပြီး အရောင်းပြခန်း ၆၀ခန့်ဖွင့်လှစ်ပြီးရောင်းချနေခြင်းဖြစ်သည်။

ကိုရီးယား Hyundaiကား ကုမ္ပဏီကမြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်တွင်စတင်ဝင်ရောက်ခဲ့ပြီးပြည်တွင်းဈေးကွက်အတွက် Accent ၊ Sonata ၊ Reina ၊ Creta ၊ Tuscon စသည့် ကားအမျိုးအစားကို ထုတ်လုပ်နေခြင်းဖြစ်သည်။

စစ်​ကောင်စီသည် ​​ဒေါ်လာလိုအပ်ချက်​ကြောင့် ပြည်ပမှ​ဒေါ်လာဖြင့်ဝယ်ယူရ​သော သွင်းကုန်နှင့်ဝန်​ဆောင်မှုများကို ပုံစံမျိုးစုံဖြင့်ကန့်သတ်​နေသလို ယခု ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်မှုများကိုရပ်နား​စေသည်နှင့်တပြိုင်နက်မှောင်ခိုတင်သွင်းခွင့်ပြုထား​သောကားများကို ဖမ်းဆီးရမိ​သော Without ကား​ခေါင်းစဥ်ဖြင့် ​လေလံတင်​ရောင်းချ၍ ​​ငွေရရန်စီစဥ်​နေပြီဖြစ်​ကြောင်း ကားဝယ်​ရောင်သားများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

“အခုအချိန်မှာကားကုမ္ပဏီတွေလည်းဘာဆက်လုပ်ရမှန်း မသိကြဘူးဖြစ်နေတယ်။ အခုလို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပေးတော့ အခြေအနေတခုကို သုံးသပ်လို့ရသွားတာပေါ့”ဟု ကားဝယ်ယူရန် စရံပေးထားသူတစ်ဦးကပြောသည်။

News

ထိုသို့ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်တွင်းကားဈေး ကွက်တွင် မော်တော်ကားဈေးများ စတင်မြင့်တက်လာသည်ဟု ကားအရောင်းအဝယ်သမားများက ဆိုသည်။