Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီက ကားတင်သွင်းခွင့်ပိတ်၊ ကား​​စျေး​တွေလည်းမြင့်တက်လာ​တော့မယ်လို့ဆို

ထိုသို့ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်တွင်းကားဈေး ကွက်တွင် မော်တော်ကားဈေးများ စတင်မြင့်တက်လာသည်ဟု ကားအရောင်းအဝယ်သမားများက ဆိုသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီက ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ကို အောက်တိုဘာ ၁ ရက်က စတင်ပြီး ပိတ်ပင်လိုက်ကြောင်း ကားအရောင်းအဝယ်သမားများကပြောသည်။

ကားတင်းသွင်ခွင့်ကို ၂၀၂၁ဒီဇင်ဘာထိ ပိတ်ပင်ထားမှာဖြစ်ပြီး ၂၀၂၂တွင် Brand New ကားများကိုသာပြန်လည်တင်သွင်းခွင့်ပြုမည်ဟု စစ်ကောင်စီက ဆိုထားသည်။

ပြည်တွင်းထုတ် SKDကားများကို ပိတ်ပင်ခြင်းမရှိဟု ကားအရောင်းအဝယ်သမားကပြောသည်။၂၀၂၂တွင် ပြည်ပတင်သွင်းသည့်ကားများကို အခွန်ပြန်လည် တိုးမြှင့်ကောက်ခံမည်ဟု ဆိုသည်။

ထိုသို့ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်တွင်းကားဈေး ကွက်တွင် မော်တော်ကားဈေးများ စတင်မြင့်တက်လာသည်ဟု ကားအရောင်းအဝယ်သမားများက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုတော့ ကားဈေးတွေစတက်နေပြီ။ မကြာခင် ဦးနေဝင်း၊ ဦးသန်းရွှေခေတ်ကလို့ ဖြစ်လာတော့မယ်”ဟု ကားအရောင်းအဝယ်သမားတစ်ဦးက ပြောသည်။

ဒေါ်လာဈေးမြင့်တက်လာ၍ ကားတင်သွင်းခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်ဟု ကားအရောင်းအဝယ်သမားက သုံးသပ်သည်။ ထိုသတင်းကို ကြိုရထားသည့် လုပ်ငန်းရှင်တစ်ချို့က ကားများကို ကြိုတင် တင်သွင်းထားပြီး ကားဈေးအတက်ကို စောင့်နေသည်ဟု ကားအရောင်းပြခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

နိုင်ငံအတွင်း ဒေါ်လာဈေး အဆမတန်မြင့်တက်လာခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီက ကားတင်သွင်းခွင့်ကို ယခုလို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းတွင် SKD စနစ်ဖြင့် ဂျပန်ကုမ္ပဏီ Suzuki ၊ Nissan ၊ ကီုရီးယားက KIA ၊ Hyundai ၊ အမေရိကန် ကားကုမ္ပဏီ FORD ၊ တရုတ် ကားကုမ္ပဏီများက မော်တော်ကားများ ထုတ်လုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

သတင်း

ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်သည် အထိနာခဲ့သဖြင့် စစ်ရဟတ်ယာဉ်များအသုံးပြု၍ လာရောက်ပစ်ခတ်ခဲ့​ကြောင်းသိရသည်။