Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရ

ယင်းနေရာကို ကာကွယ်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ၌ စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်း နှစ်လုံး၊ ပေါက်စက် တစ်လုံး၊ (၄၀)မမကျည် တစ်လုံး တွေ့ရှိခဲ့ကြောင်း Fox Army – HPDFက ထုတ်ပြန်သည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် နေရောင်ပြအင်း အရှေ့ဘက်၌ စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF)၏ Fox Army- HPDF က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဇူလိုင် ၆ရက် နေ့လည် ၁နာရီခွဲတွင် ရှေ့ထွက်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး သုံးလုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၂ဦး ခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယင်းနေရာကို ကာကွယ်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ၌ စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်း နှစ်လုံး၊ ပေါက်စက် တစ်လုံး၊ (၄၀)မမကျည် တစ်လုံး တွေ့ရှိခဲ့ကြောင်း Fox Army – HPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်နှင့် ဆက်စပ်ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ပူးပေါင်းပြီးလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook