Connect with us

Hi, what are you looking for?

သတင်း

ကရင်လူငယ် ၂၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားတယ်လို့ KNU ထုတ်ပြန်

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျေးရွာပြည်သူလူထုတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ပြန်လွတ်ပေးခဲ့ပေမယ့် လူငယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNU
KNU

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ လမ်းမပေါ်မှာ တနေကုန်ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၁၃)ရက်က ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ထဲက ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ကျေးရွာပြည်သူလူထုတွေကို ဖမ်းဆီးခဲ့တာပါ။

ဒီလို ကျေးရွာနေပြည်သူလူထုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းဥစ္စာတွေကိုလည်း အတင်းအဓမ္မယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျေးရွာပြည်သူလူထုတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ပြန်လွတ်ပေးခဲ့ပေမယ့် လူငယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေအနက် ဗမာလူမျိုးတွေကို လက်ပြန်ကြိုးတုပ် ရိုက်နှက်ညဉ်းပန်းနှိပ်စက်ခြင်း မလုပ်ဘဲကရင်လူမျိုးကိုသာ လက်ပြန်ကြိုးတုပ်ပြီး လမ်းမပေါ်မှာ တနေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့တာယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။