Connect with us

Hi, what are you looking for?

သတင်း

အထိနာကာ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ် ကို​ကော်ဘရာစစ်​ကြောင်းထပ်မံကြားဖြတ်တိုက်ခိုက်၊ အရာရှိ အပါအဝင်စစ်သား၈ ဦးသေဆုံး

ကော်ဘရာစစ်ကြောင်းအနေဖြင့် ဆုတ်ခွာ ထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီ တပ်သားများအနေဖြင့် လက်နက်နှင့်တစ်ကွ ပူးပေါင်းလိုပါက Cobra Column Facebook Page အား ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

(ထပ်မံသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် စစ်​ကောင်စီတပ် ရုပ်အ​လောင်းများ။ ဓါတ်ပုံ-Cobra Column)
(ထပ်မံသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် စစ်​ကောင်စီတပ် ရုပ်အ​လောင်းများ။ ဓါတ်ပုံ-Cobra Column)

●သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများစွာနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုကော်ဘရာစစ်ကြောင်းပြသ

●စစ်ကောင်စီတပ်သားများလက်နက်နှင့်တစ်ကွပူးပေါင်းလိုပါက Cobra Column Facebook Page အားဆက်သွယ်ရန် အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ကြား တိုက်ပွဲ၌ ကော်ဘရာ စစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာ ထွက်ပြေးခဲ့ရသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် စစ်သား ၈ ဦးထပ်မံ​သေဆုံးကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ဇူလိုင် ၁၂ရက်မနက်တွင် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်၏ ခလရ (၈) နှင့် ခမရ (၂၀၇) စစ်ကြောင်းများအား စစ်နည်းဗျူဟာအရ ကြားဖြတ်စောင့်ဆိုင်းနေသော စစ်သည် တော်များက ဇူလိုင်လ (၁၃) ရက်နေ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ထပ်မံ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲ၌ ခမရ (၂၀၇) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် အရာရှိ၊ တပ်သား (၈) ဦး သေဆုံး၊ ဒဏ်ရာ ရရှိခဲ့‌ကြောင်း မြေပြင်သတင်းများအရ သိရပြီး အတည်ပြုနိုင်ရန် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲ အတွင်း ကော်ဘရာ စစ်သည် (၁) ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်ထံမှ ၅.၅၆ ကျည် (၇၀၅) တောင့် ၊MA ကျည်ဘောက် (၄)ခု၊ လက်ပစ်ဗုံး (၃) လုံး၊ (၆၀) မမ ဗုံးသီး (၂) လုံး၊ အမည်မသိကျည်သေး (၁) ခု၊ ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယနေ့ ဇူလိုင်လ (၁၄) ရက်နေ့တွင် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ ‌၅.၅၆ ကျည် (၃၀၀၀) ကျော်၊ လက်ပစ်ဗုံး (၁၃) လုံး၊ ခွင်းဗုံး (၁၄) လုံး၊ နင်းမိုင်း (၁၂) လုံး၊ (၆၀) မမ ဗုံးသီး (၈) လုံး၊ (၆၀)မမ စိန်ပြောင်း (၁) လက်၊ MA ကျည်ဘောက် (၁၁) ခု၊ RPG -7ကျည် (၈)လုံး၊ RPG ယမ်းတောင့် (၉) တောင့်၊ ဆိုလာပြား(၁)ခု၊ NATO ကျည် (၂၆၅) တောင့် နှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင် ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့သည့် သုံးထပ်ကွေ့နှင့် သရက်နှစ်ပင်ကျေးရွာ အကြား တိုက်ပွဲ နေရာနှင့် ဆက်စပ်နေရာများအား ကော်ဘရာစစ်သည်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင်(၁၃) ရက်နေ့တွင် ၅.၅၆ ကျည် (၄၀၀) တောင့်၊ MA ကျည်ဘောက် (၃)ခု၊ နင်းမိုင်း (၃) လုံး၊ ဖြိုခွင်းရေး ယမ်းတောင့် (၁) ခု ၊ ဆက်သွယ်ရေးစက် (၁) လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း များစွာအား သိမ်းဆည်း ရမိခဲ့ပြီး ဇူလိုင်လ (၁၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဆုတ်ခွာထွက်ပြေးသော ဆက်စပ်နေရာများမှ (၆၀) မမ ဗုံးသီး (၉) လုံး၊ RPG ကျည် (၅) လုံး၊ နှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများ ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ကော်ဘရာစစ်ကြောင်းအနေဖြင့် ဆုတ်ခွာ ထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီ တပ်သားများအနေဖြင့် လက်နက်နှင့်တစ်ကွ ပူးပေါင်းလိုပါက Cobra Column Facebook Page အား ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

တိုက်ပွဲ၌ သေဆုံးထိခိုက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းပုံများကိုလည်း ကော်ဘရာ စစ်ကြောင်းက ထုတ်ဖော်ပြသခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။