Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ်မှ ရာအိမ်မှူး၊ သွေးသောက်အဖွဲ့ခေါင်ဆောင်းကို ပစ်ခတ်ရှင်းလင်း

ဇူလိုင် ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ် ည/၁၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးပေါက်ကွဲမှုကြောင့် စစ်ကောင် စီနှင့်နီးစပ်သူ ​လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

YGN UGA
YGN UGA

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ တ/၁၅ ရပ်ကွက်မှ ရာအိမ်မှူး၊ သွေးသောက်အဖွဲ့ခေါင်ဆောင်း ဝင်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ YGN UGAက ထုတ်ပြန်သည်။

“နန်းထိုက်အောင်”စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယနေ့(ဇူလိုင် ၁၇ ရက်) နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က (၁၅)ရပ်ကွက် ရုံးဘေးလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့်ရာအိမ်မှူးဝင်နိုင်နှင့် အဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုတွင် ပန်းခြံ (၈)ရပ်ကွက်မှ ရာအိမ်မှူးထွန်းမင်းမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု အသိပေးသည်။

ထို့အပြင် ခုခံတုံ့ပြန်ရန်ကြိုးပမ်းခဲ့သည် စစ်ကောင်စီ အလိုတော်ရိပေါက်စများကိုလည်း အတက်နိုင်ဆုံး ငဲ့ညှာသောအားဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းသာပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးတွင် ရဲဘော်များအားလုံးဘေးကင်းပြီး ကျန်ရှိနေသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနေဖြင့် အချိန်မီနှုတ်ထွက်ကြရန်လည်း YGN UGAက သတိပေးသည်။

ဇူလိုင် ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ် ည/၁၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးပေါက်ကွဲမှုကြောင့် စစ်ကောင် စီနှင့်နီးစပ်သူ ​လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သွား ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ ရာအိမ်မှူးကျော်ထူးသည် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများအပေါ် ‌အတင်းအကျပ်ငွေကြေးကောက်ခံခြင်းအပါအဝင် ဖိနှိပ်မှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အင်းတကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။