Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်-၃၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁ ရက် ညနေ ၆ နာရီ ၁၅ ခန့်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး အောင်မိုးခိုင်သည် တိမ်မြှပ်ရွာအခြေစိုက် ခမရ(၆)မှ ထွက်လာစဥ် ချောင်းခွ(ကေ)ရွာနှင့် သရက်နှစ်ဖျားလိန်ရွာကြား၌ တော်လှန်ရေးရဲဘော်များနှင့် ထိပ်တိုက်တွေ့ဆုံချိန် ပစ်ခတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“သူလာမယ်ဆိုတာသိလို့ ကင်းပုန်း၀ပ် စောင့်နေတာဗျ။ ကျွန်တော်တို့ကိုမြင်တော့ သူက အရင်လက်ပစ်ဗုံးနဲ့ စပစ်တာဗျ။ ဗုံးက ကွဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့လက်ကို မကျလိုက်ဘူး။ နေရာလွဲသွားတာ။ လက်ပစ်ဗုံးကျတော့ သူ(ရာအိမ်မှူး)က သေနေပြီ”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

ရာအိမ်မှူး အောင်မိုးခိုင်က ရဲဘော်များကို လက်ပစ်ဗုံးနှင့် လက်ဦးမှုယူ၍ ဦးစွာ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သော်လည်း ၎င်းအား တော်လှန်ရေးရဲဘော်များက သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည်ထိမှန်၍ နေရာတွင် သေဆုံးသွားကြောင်း အထက်ပါတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

ထို့နောက် ရာအိမ်မှူး အောင်မိုးခိုင်ထံမှ ကျန်ရှိနေသည့် လက်ပစ်ဗုံးတစ်လုံးကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသော ရာအိမ်မှူး အောင်မိုးခိုင်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လများကတည်းက ထန်းပင်ကုန်းရွာအနီး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့စဥ် တိမ်မြှပ်တပ် ခမရ(၆)သို့ သွားရောက်တိမ်းရှောင်နေခဲ့ကြောင်း စုံစမ်းသိရသည်။

ထို့အပြင် ၎င်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးအရလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံ စစ်မှုထမ်းကိစ္စအကြောင်း ပြပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် စစ်ကောင်စီတပ်နှင့်အတူလိုက်ပါခြင်း၊ ပဲခူးရိုးမသို့ စစ်ကြောင်းထိုးရာတွင် လမ်းပြလိုက်ပါခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။