Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ထောင်ကျခံပြီးသား တပ်ပြေးကို ရာအိမ်မှူးက စစ်မှုထမ်း ပြန်ထည့်

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

(ဦးတင်ဇော်အောင်၏ထောင်ထွက်လက်မှတ်နှင့်အချက်အလက်များအား တွေ့ရစဥ်။ ဓာတ်ပုံံ-VOMDY)

ဇူလိုင် ၂၆၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့မှာ ယခင်က တပ်ပြေးခဲ့လို့ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ခံယူပြီးသား တပ်ပြေးတစ်ဦးကို ရာအိမ်မှူးဖြစ်သူက အသက်လိမ်လည်ကာ စစ်တပ်အတွင်းသို့ ပြန်လည်ထည့်သွင်းခဲ့ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

​ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်၊ အကွက်အမှတ် (၂၆၄)မှာ နေထိုင်တဲ့ ဦးတင်ဇော်အောင်ဟာ ဇူလိုင် ၁၆ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

​ဦးတင်ဇော်အောင်ဟာ ယခင်က စစ်တပ်ကနေ ထွက်ပြေးလာသူ တပ်ပြေးတစ်ဦးဖြစ်ပြီး ထောင်ကျခံကာ ထွက်လာသူဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ အသက် (၃၅) ပြည့်ပြီးဖြစ်ပေမဲ့ စစ်မှုထမ်းအကျုံးဝင်စေရန်အတွက် ရာအိမ်မှူး ကိုမင်းက အသက် (၂၇) နှစ်ဆိုပြီး လိမ်လည်ကာ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မန္တလေးကအ​ခြေအနေတော်တော်ဆိုးနေပြီ။ လူရောင်းစားတာတွေပိုပြီးများနေတဲ့အတွက် ပြည်သူတွေပိုပြီးဂရုစိုက်ပါ။တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး တော့ တော်လှန်ရေးနယ်မြေမှာခိုလှုံကြပါ”လို့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

၎င်းတပ်ပြေးကို အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှ ရာအိမ်မှူး ကိုမင်းက ဦးဆောင်ဖမ်းဆီးကာ လမ်း ၉၀၊ (၁၉) လမ်းရှိ မင်းတဲအီကင်းရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဇူလိုင် ၁၇ ရက်နေ့မှာ အမှတ် (၉၅) စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံထားရကြောင်း သိရပါတယ်။

မန္တလေးမြို့အပါအဝင် စစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသအသီးသီးမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းထဲ ရောင်းစားတာ၊ ခြိမ်းခြောက်​ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အခု ဇူလိုင်လမှာ စစ်မှုထမ်းအပတ်စဥ် (၂၇)ကို စတင်ဖို့ ကြိုးစားနေပြီး ဒေသအသီးသီးက လူငယ်တွေကို ဆင့်ခေါ်တာ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။