Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ်မှ စစ်ကောင်စီရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သွား ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄က တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ−၂၁၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သွား ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄က တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ ၂၀ရက် ည ၉ နာရီခွဲလောက်က စန်ကြီးလောင့်ကျေးရွာ ရာအိမ်မှူး ဇော်မင်းနိုင်အား ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း(၁)၊ တပ်ရင်းရုံးရဲဘော်များနှင့် တပ်ခွဲ(၄)ရဲဘော်များမှ သေနတ်ဖြင့်ခုနစ်ချက်ပစ်ခတ်၍ သွားရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“စစ်အုပ်စု ကင်းပတ်ရာမှာ လမ်းပြအနေနဲ့ လိုက်ပေးတာ၊ စစ်မှုထမ်းကြေးကောက်ရာမှာ စစ်အုပ်စုရဲ့သတ်မှတ်ထားတဲ့ပမာဏထက် ပိုမိုကောက်ခံတာ၊ သူ့အိမ်မှ ာစစ်အုပ်စုကိုတည်းခိုခွင့်ပြုပြီး ချက်ပြုတ်ကျွေးမွေးတာတွေ ရှိပါတယ်။ အခုလို စစ်အုပ်စုအလိုကျ လုပ်ဆောင်နေတဲ့အတွက် ပစ်ခတ်အရေးယူလိုက်တာပါ”လို့ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူက လူ ထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရာအိမ်မှူးဇော်မင်းနိုင်အား ရှင်းလင်းရန်သွား ရောက်ရာမှာ ၎င်းရဲ့ နေအိမ်မှာရှိမနေဘဲ တခြားနေအိမ်တစ်အိမ်သို့ သွားရောက်နေကြောင်းသိရှိရတဲ့အတွက် အဲဒီနေအိမ်အထိ သွားရောက်ရှင်းလင်းရာမှာ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် လွတ်မြောက်ခြင်းမရှိသလို စစ်ရေးနှင့်မသက်ဆိုင်သူများကိုလည်း ထိခိုက်မှုမရှိအောင် လှုပ်ရှားနိုင်ခဲ့တယ်လို့ တပ်ခွဲတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ရာအိမ်မှူးဇော်မင်းနိုင်ကို စစ်ကော်မရှင်အလိုကျ လုပ်ဆောင်နေတာတွေ ရပ်တန်းကရပ်ဖို့ အကြိမ်ကြိမ်သတိ ပေးခဲ့ပေမယ့် လိုက်နာမှုမရှိဘဲ ဆက်လက်လုပ် ကိုင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ရတာလို့ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄ က အသိပေးပါတယ်။

စက်တင်ဘာ ၁၇ ရက်ကလည်း နတ္တလင်းမြို့နယ်၊ ရှားစီးဘိုရွာ အောက်စုမှ ရာအိမ်မှူးဖိုကျော်ဆိုသူကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၇ မှ ရဲဘော်တွေက နေအိမ်ကိုသွားရောက်ပစ်ခတ်ခဲ့ရာ နေရာမှာတင်သေဆုံးခဲ့ပါတယ်။

အထက်ပါ ရာအိမ်မှူးနှစ်ဦးပစ်ခတ်ခံရပြီးနောက်မှာ နတ္တလင်းမြို့နယ်ထဲက စစ်ကောင်စီရာအိမ်မှူတချို့ နှုတ်ထွက်တဲ့အကြောင်း ဒေသခံတွေထံက စုံစမ်းသိရပေမယ့် အရေအတွက်အတိ အကျနဲ့ အ​​ခြေအနေအပြည့်အစုံကို မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။