Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနယ် အူးခူးရီ​ရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ အနည်းဆုံးနှစ်ဦးသေဟုဆို

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။

(ရှေ့တန်းတစ်နေရာတွင်တွေ့ရသည့် KNDF တပ်ရင်း - ၅ ရဲဘော်များအား ​တွေ့ရစဥ်)
(ရှေ့တန်းတစ်နေရာတွင်တွေ့ရသည့် KNDF တပ်ရင်း - ၅ ရဲဘော်များအား ​တွေ့ရစဥ်)

ဒီးမော့ဆိုမြို့နယ် အူးခူးရီ​ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အနည်းဆုံးနှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၅ က ယနေ့(ဇူလိုင် ၁၇ ရက်)ထုတ်ပြန် သည်။

KNDF တပ်ရင်း (၅)တပ်ခွဲ – ၂၊ KNDF တပ်ရင်း – ၁ နှင့် ကရင်နီတပ်မတော်( KA)တို့ပူးပေါင်းကာ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) ညနေ ၆ နာရီခွဲက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲကြာချိန် မိနစ် ၃၀ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး နှစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြသည်။

အလားတူ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း KNDF တပ်ရင်း – ၅က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယခုလ နှစ်ပတ်အတွင်း ကရင်နီပြည်နယ်၌ စစ်ကောင် စီ၏ စခန်းကုန်းများကို တိုက်ခိုက်ခြင်းနှင့် ထောက်ပို့ယာဥ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုး သားကာကွယ်ရေးတပ်(KNDF)က သီး​ခြားထုတ်ပြန်ထားသည်။

တိုက်ပွဲများအရ ဖယ်ခုံ၊လွိုင်ကော်၊ဒီးမော့ဆို၊ ဘောလခဲနှင့် ဖရူဆိုမြို့နယ်များတွင် ထိတွေ့ မှုများစွာရှိခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

Facebook