Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပစ်မှတ်ကို ဦးတည်ပြီးတိုက်ခိုက်သည့်စစ်ကောင်စီ၏လုပ်ရပ် ပိုမိုဆိုးဝါးလာဟု KNU ပြော

Kaung For You ကျောင်း နှင့် ဆက်စပ်နေသူများအပါအဝင် CDM ဆရာ၊ ဆရာမများအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

ပဒိုစောတောနီး
ပဒိုစောတောနီး

●CDM ဆရာ/ဆရာမများ လာရောက်ခိုလှုံပါက လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရ ဆက်လက်လက်ခံမည်ဟု အသိပေး

စစ်ကောင်စီတပ်သည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ အရပ်သား ပစ်မှတ်ကို ဦးတည်ပြီး တိုက်ခိုက်မှုများ ပိုမို ဆိုးဝါးလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

Kaung For You ကျောင်း နှင့် ဆက်စပ်နေသူများအပါအဝင် CDM ဆရာ၊ ဆရာမများအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

“စကစဟာ ဘာဆိုဘာမှကို အလေးမထားပါဘူး။ အထူးသဖြင့် စစ်ရေးပစ်မှတ်ထက် အရပ်သား ပစ်မှတ်ကို ဦးတည်ပြီး တိုက်ခိုက်နေတယ်ဆိုတာ ပိုပြီးတော့ ထင်ရှားလာတယ်။ အဲဒါ ပိုပြီး ဆိုးဝါးလာတဲ့ အနေအထား ရောက်လာတာ။ ဒါလုံး၀ ဂရုမစိုက်ဘဲနဲ့ ဘယ်လောက်ပဲ ရှုတ်ချ ရှုတ်ချ ဘယ်လောက်ပဲ ဝေဖန်ဝေဖန် နားကို မထောင်ပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

CDM ဆရာဆရာမ များအပါအဝင် စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များ ကြောင့် KNU နယ်မြေသို့ရောက်ရှိလာသူများကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရ လက်ခံနေသည့် အဖွဲ့၏ မူဝါဒမှာ အပြောင်းအလဲမရှိကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“လူသားချင်း စာနာထောက်ထားမှုရှုထောင့်ကနေ မူဝါဒဘယ်လိုမှ ပြောင်းလဲနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီ၏ လူမဆန်စွာ လုပ်ဆောင်နေမှုနှင့်ပတ်သက်ပြီး လက်လျှော့၍ မရဘဲ အားလုံးကို ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲကို ကျွန်တော်တို့ အောင်ပွဲ ခံနိုင်တဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်ရမယ်” ဟု ပဒိုစောတောနီးက ပြောကြားသည်။

KNU အနေဖြင့် စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထု ဘက်က ရပ်တည်ကာ ၎င်းတို့ဒေသတွင်း လာရောက်ခိုလှုံသူများကို အကူအညီ အကာအကွယ်ပေးလျက်ရှိသည်။ထို့ပြင် နိုင်ငံရေးရည်မှန်းချက်တူညီသည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook