Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားပစ်မှတ်ကို ဦးတည်ပြီးတိုက်ခိုက်သည့်စစ်ကောင်စီ၏လုပ်ရပ် ပိုမိုဆိုးဝါးလာဟု KNU ပြော

Kaung For You ကျောင်း နှင့် ဆက်စပ်နေသူများအပါအဝင် CDM ဆရာ၊ ဆရာမများအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

ပဒိုစောတောနီး
ပဒိုစောတောနီး

●CDM ဆရာ/ဆရာမများ လာရောက်ခိုလှုံပါက လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရ ဆက်လက်လက်ခံမည်ဟု အသိပေး

စစ်ကောင်စီတပ်သည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ အရပ်သား ပစ်မှတ်ကို ဦးတည်ပြီး တိုက်ခိုက်မှုများ ပိုမို ဆိုးဝါးလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

Kaung For You ကျောင်း နှင့် ဆက်စပ်နေသူများအပါအဝင် CDM ဆရာ၊ ဆရာမများအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

“စကစဟာ ဘာဆိုဘာမှကို အလေးမထားပါဘူး။ အထူးသဖြင့် စစ်ရေးပစ်မှတ်ထက် အရပ်သား ပစ်မှတ်ကို ဦးတည်ပြီး တိုက်ခိုက်နေတယ်ဆိုတာ ပိုပြီးတော့ ထင်ရှားလာတယ်။ အဲဒါ ပိုပြီး ဆိုးဝါးလာတဲ့ အနေအထား ရောက်လာတာ။ ဒါလုံး၀ ဂရုမစိုက်ဘဲနဲ့ ဘယ်လောက်ပဲ ရှုတ်ချ ရှုတ်ချ ဘယ်လောက်ပဲ ဝေဖန်ဝေဖန် နားကို မထောင်ပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

CDM ဆရာဆရာမ များအပါအဝင် စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များ ကြောင့် KNU နယ်မြေသို့ရောက်ရှိလာသူများကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရ လက်ခံနေသည့် အဖွဲ့၏ မူဝါဒမှာ အပြောင်းအလဲမရှိကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“လူသားချင်း စာနာထောက်ထားမှုရှုထောင့်ကနေ မူဝါဒဘယ်လိုမှ ပြောင်းလဲနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီ၏ လူမဆန်စွာ လုပ်ဆောင်နေမှုနှင့်ပတ်သက်ပြီး လက်လျှော့၍ မရဘဲ အားလုံးကို ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲကို ကျွန်တော်တို့ အောင်ပွဲ ခံနိုင်တဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်ရမယ်” ဟု ပဒိုစောတောနီးက ပြောကြားသည်။

KNU အနေဖြင့် စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထု ဘက်က ရပ်တည်ကာ ၎င်းတို့ဒေသတွင်း လာရောက်ခိုလှုံသူများကို အကူအညီ အကာအကွယ်ပေးလျက်ရှိသည်။ထို့ပြင် နိုင်ငံရေးရည်မှန်းချက်တူညီသည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။