Connect with us

Hi, what are you looking for?

သတင်း

အောင်မြင်စွာလည်ပတ်နေသော ပြည်သူ့ပညာရေးယန္တရားကို စစ်​ကောင်စီကဖျက်ဆီးရန်ကြိုးပမ်းနေ၍လက်တွဲညီညီရှေ့ဆက်ကြရန်ကြားကာလပညာရေးကော်မတီတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ပညာရေးအတွက် ဆောင်ရွက်နေသူများကို အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပညာသင်ယူခွင့်ကို ချိုးဖောက်သည့် အပြင် ပြည်သူလူထုတစ်ရပ်လုံးအား ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြသည်။

IBEWC
IBEWC

စစ်ကောင်စီက အောင်မြင်စွာလည်ပတ်နေသော ပြည်သူ့ပညာရေးယန္တရားကို ဖျက်ဆီးရန်ကြိုးပမ်းနေသောကြောင့် CDM ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ပြည်သူ လက်တွဲညီညီ ရှေ့ဆက်ကြရန် ကြားကာလပညာ လုပ်ငန်းဆောင်ရွက်မှုကော်မတီ(IBEWC)က တိုက်တွန်းလိုက်သည်။

Kaung For You ပုဂ္ဂလိကကျောင်းမှ CDM ဆရာများသုံး ဦးတို့ကို အကြမ်းဖက်စစ်ကောင်စီ မီဒီယာများမှတဆင့် မဟုတ်မမှန် သတင်းထုတ်ပြန်ခဲ့ခြင်းသည် မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် CDM ဆရာ၊ ဆရာမများအပေါ် အထင်အမြင်လွဲမှားစေရန်၊ CDM ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

IBEWC
IBEWC

ထို့အပြင် CDM ကျောင်းသား၊ ကျောင်းသူများ၏ လွတ် လပ်စွာ စိတ်တိုင်းကျ ရွေးချယ်ထားသော သင်ယူမှုအခွင့်အလမ်းများ ရပ်တန့်သွားစေရန်၊ ပြည်သူများ၏ အသိအမှတ်ပြုမှုဖြင့် ထိထိရောက်ရောက် အောင်မြင်စွာ လည်ပတ်နေသော ပြည်သူ့ပညာရေးယန္တရားကို ဖျက်ဆီးရန် စစ်ကောင်စီက ၎င်းတို့၏ ပြုမူနေကျအတိုင်း အကြောက်တရားဖြင့် ဖိနှိပ်၍ စည်းလုံးမှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ထောက်ပြသည်။

ထိုသို့ ပြည်သူ့ပညာရေးယန္တရားတွင် အကောင်အထည် ဖော်နေသော CDM ဆရာ၊ ဆရာမများကို မဟုတ်မမှန် လုပ်ကြံ၍ ကြေညာခြင်းသည် CDM ဆရာ၊ ဆရာမအားလုံးနှင့် ပြည်သူ့ပညာရေး အင်အားစုများ၏ ဂုဏ်သိက္ခာကို ထိ ခိုက်ညှိုးနွမ်းအောင် လုပ်ဆောင်သည့်လုပ်ရပ် ဖြစ်သည့် အတွက် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ပညာရေးစနစ်သည်သာ နိုင်ငံတော်အာဏာ ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်နေသော တရားဝင်ပညာရေးစနစ် ဖြစ်သည်”ဟု IBEWC က ဆိုသည်။

ထို့ကြောင့် ပြည်သူ့ပညာရေးစနစ်ကို လုံခြုံရေးအဆင့်ပိုမိုမြှင့်တင်၍ ပြည်သူလူထုအင်အားစု၊ CDM ဆရာ၊ ဆရာမများအင်အားစု၊ CDM ကျောင်းသား၊ ကျောင်းသူများအင် အားစုတို့က လက်တွဲညီညီ အခိုင်အမာ ဆက်လက်အ ကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဟု ပန်ကြား သည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ပညာရေးအတွက် ဆောင်ရွက်နေသူများကို အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပညာသင်ယူခွင့်ကို ချိုးဖောက်သည့် အပြင် ပြည်သူလူထုတစ်ရပ်လုံးအား ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြသည်။

ပြည်သူ့ပညာရေး ကျောင်းများတွင် ငြိမ်းချမ်းစွာ ကူညီဆောင်ရွက်ပေးနေကြသည့် ဆရာ၊ ဆရာမများ၏ ကိုယ်စိတ်နှစ်ပါးလုံခြုံရေး၊ အကြောက်တရားများမှ လျော့ ပါးကင်းဝေးစေရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများ စဉ်ဆက်မပြတ်စေရေးတို့အတွက် မိဘပြည်သူများမှ ဝိုင်းဝန်း ကူညီဖေးမပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းသည်။

ထို့ကြောင့် မိဘပြည်သူများ၊ CDM ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ပြတ်ပြတ်သားသား ဆက်လက်ဆန့်ကျင်ကာ တော်လှန်ရေးအင်အားစုများအားလုံးသည်လည်း ကျောချင်းကပ်၊ လက်ချင်းတွဲ၍ စည်းလုံးညီညွတ်စွာ တရားဝင်ပြည်သူ့ပညာရေးစနစ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု IBEWC က သဘောထားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆောင်းပါး

ဗုံးခိုကျင်းတွေကြားမှာ ဆက်လက်သင်ယူနေတဲ့ မြန်မာကလေးများ၏ ပညာရေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook