Connect with us

Hi, what are you looking for?

သတင်း

ပေါက် – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ယာဥ်ပျက်စီးပြီး ခုနစ်ဦးထိခိုက်

ထို့အပြင် ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းကို ဆော – ဆိပ်ဖြူလမ်းပိုင်းမှာ လောင်းရှည်ဒေသကာ ကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံး ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(တပ်ရင်း (၇၁၂)ပြည်သူ့အင်အားတပ်ပေါင်းစု PPC မှ တော်လှန်ရေးရဲဘော်များ အား တွေ့ရစဥ်)
(တပ်ရင်း (၇၁၂)ပြည်သူ့အင်အားတပ်ပေါင်းစု PPC မှ တော်လှန်ရေးရဲဘော်များ အား တွေ့ရစဥ်)

မကွေးတိုင်းဒေသကြီး ပေါက် – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း(၇၁၂)ပြည်သူ့စွမ်းအား တပ်ပေါင်းစု(PPC)က ယနေ့(ဇူလိုင် ၁၉)ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၈ ရက်) နံနက် ၈ နာရီ ၄၅ ခန့်က ဆိပ်ဖြူမြို့နယ် ပေါက် – ဆိပ်ဖြူလမ်းပိုင်း ရွှေဘိုကျွန်း၏ အရှေ့ဘက် ကန်ပေါ်တက်နေရာတွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးကို PPC မှ မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပျက်စီးပြီး ခုနစ်ဦးထိခိုက်သွားကြောင်း ဖော်ပြ သည်။

“ကပစ ၂၂ ကို ဦးတည်သွားနေတဲ့ စခကားအကြီးတစ်စီး ကို မိုင်း၂ လုံးဆွဲပါ တယ်ဗျ။ ရွှေဘိုကျွန်းနဲ့ တွင်းမငယ်ကြားမှာဗျ”ဟု PPC မှ တော်လှန်ရေးရဲဘော် တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဥ်းပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိပ်မသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းကို ဆော – ဆိပ်ဖြူလမ်းပိုင်းမှာ လောင်းရှည်ဒေသကာ ကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံး ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

Facebook