Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်၊ ရဲတစ်ဦးသေဆုံးပြီး ပျူခေါင်းဆောင်အပါအဝင် ၁၅ဦး ဖမ်းဆီးခံရဟုဆို

ဆုံရွာသည် မဘသ အင်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး လွန်ခဲ့သည့် တစ်လကျော်က ကွေ့ကြီးရွာစာသင်ကျောင်းတွင် ပျူသင်တန်းဖွင့်ခဲ့ကြောင်း၊ ဆုံရွာသား စံမောင်ဆိုသူက ပျူခေါင်းဆောင်အဖြစ်တာဝန်ယူကာ ၎င်းအား သေနတ်၁၅လက်ချပေးထားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

(နယ်ဒေသတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပျူစောထီး သင်တန်းပေးနေစဥ်)
(နယ်ဒေသတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပျူစောထီး သင်တန်းပေးနေစဥ်)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ ရဲတစ်ဦးသေဆုံးပြီး ပျူခေါင်းဆောင်အပါအဝင် ၁၅ဦး ဖမ်းဆီးခံရကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ ၂၀ရက်)နေ့ညပိုင်းက မြင်းခြံမြို့နယ် မြောက်ဘက် အခြမ်းတွင် ကင်းလှည့်လာ သော စစ်ကောင်စီတပ်နှင့် ဆုံ‌ရွာမှ ပျူစောထီးအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့​​ခြင်းဖြစ်ပြီး မြို့သာမှရဲတစ်ဦး သေဆုံး၍ ရဲတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်သည်။

ဆုံရွာသည် မဘသ အင်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး လွန်ခဲ့သည့် တစ်လကျော်က ကွေ့ကြီးရွာစာသင်ကျောင်းတွင် ပျူသင်တန်းဖွင့်ခဲ့ကြောင်း၊ ဆုံရွာသား စံမောင်ဆိုသူက ပျူခေါင်းဆောင်အဖြစ်တာဝန်ယူကာ ၎င်းအား သေနတ်၁၅လက်ချပေးထားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

“ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ ပျူခေါင်းဆောင်စံမောင်အပါအဝင် သေနတ်ကိုင်တဲ့၁၅ဦးကို ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။ ရခတွေက ညကင်းလာပတ်မဲ့အကြောင်းကို စံမောင်ဆီကြိုပြော ခဲ့တယ်လို့ သိရသလို လွန်ခဲ့တဲ့တစ်လခန့်က ကွေ့ကြီးရွာမှပျူတစ်ဦးရဲ့ နာရေးမှာ မြင်းခြံမြို့နယ် ပျူခေါင်းဆောင် သီတာယုမွန်က ဖြူတာမဲတာတွေတွေး မနေနဲ့။ ကိုယ်ကသာဦးအောင်သတ်၊ကိုယ်မသတ်ရင် သူတို့ကသတ်သွားလိမ့်မယ်လို့ ပျူတွေကို ပြောကြားခဲ့သေးတယ်လို့ သိရပါတယ်”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍
People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီအား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် ညပိုင်းကလည်း မြောင်တော်လှန်ရေးတပ်MRA ရဲဘော်များက ယူနီဖောင်း ဝတ်စုံဖြင့် မြင်းခြံမြို့နယ်၊ ကွေ့ကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အုန်းမြင့်ကို တိုက်ခိုက်ရန် သွားရောက်ချိန် ယူနီဖောင်းဝတ် PDF များကို စစ်တပ် စစ် ကြောင်း လာသည်ဟု ထင်၍ ခယကြိုဆိုသော ပျူစောထီး ခြောက်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။